Tomorrow Land မှာ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီး မျက်ရည်ခံထိုးတာမဟုတ်ပါဘူးဆိုပြီး တောင်းပန်ဖြေရှင်းလာတဲ့ ငြိမ်းသော်
မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ငြိမ်းသော်ကတော့ စစ်ကိုင်းတိုင်း မုံရွာသားတစ်ယောက်ဖြစ်တယ်ဆိုတာကို ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ငြိမ်းသော်ဟာ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ပြည်သူနဲ့အတူတူဆန္ဒထုတ်ဖော်မှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပါဝင်ခြင်း အလျင်းမရှိတော့တာကို တွေ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့မွေးရပ်မြေ စစ်တိုင်းကိုင်းနဲ့ မြန်မာတစ်ပြည်လုံးက ဆင်းရဲဒုက္ခဖြစ်နေမှုတွေကို လျစ်လျူရှုပြီး နိုင်ငံခြားဂီတဖျော်ဖြေပွဲကိုသွားရောက်ခဲ့တဲ့ ငြိမ်းသော်ဟာ ဒီကနေ့မှာတော့ သူ့ကိုစိတ်ဆိုးဒေါသထွက်နေကြတဲ့ ပရိသတ်တွေကို အခုလိုပဲ တောင်းပန်လာခဲ့တာကို တွေ့ရပါတယ်။
ငြိမ်းသော်က “လတ်တလော တတ်နေတဲ့ ပုံနဲ့ပတ်သတ်ပြီး မဖြေရှင်းပဲ နေမလို့ပါပဲ .. အားလုံး စိတ်အဆင်မပြေနေတဲ့ အခြေအနေမှာ ပြောနေကြတာ ပြောကြပါစေဆိုပြီး ကိုယ်ချင်းစာတဲ့စိတ်နဲ့ နေပါတယ် .. အခုက ကျနော့်ခံစားချက်လေး ပြောပါရစေ .. မျက်ရည်ခံထိုးတာလဲ မဟုတ်ရပါဘူး။ ပုံက ကျနော်ကိုယ်တိုင် မတင်ထားပါဘူး။ အမှတ်တရရိုက်ပါရစေ ဆိုပြီး ခွင့်တောင်းလို့ ရိုက်ပေးလိုက်တာပါ။ အဲ့ပုံကို မတင်ဖို့လဲ အတန်တန် သတိပေးနေရင်းကနေ ဘယ်အချိန် ဘယ်လိုတင်လိုက်လဲ မသိလိုက်တဲ့ အခြေအနေ တစ်ခု ဖြစ်သွားပါတယ်။ ဒီနေ့အထိ ကျနော့်ရပ်တည်ချက် ခံယူချက်အတွက် လိပ်ပြာသန့်စွာနေတယ်။ ကျနော်နိုင်တဲ့ ဘက်ကနေ အားလုံးနဲ့ အတူပါဝင်နေတယ်။ မထင်မှတ်တဲ့ အမှားတစ်ခုအတွက် အားလုံးကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့ အတွက် အနူးအညွန့် တောင်းပန်ပါတယ် 🙏🏻🙏🏻🙏🏻 Tomorrowland ကလည်း ၂၀၁၉ ကတည်းက ဝယ်ထားခဲ့တဲ့ လက်မှတ် ဖြစ်နေလို့ သွားခဲ့မိတာပါ .. သွားပြီး နောက်ရက်တွေ စိတ်ညစ်စွာနဲ့ နေနေပါတယ် … အခုလိုအခြေအနေဖြစ်သွားတဲ့အတွက်လဲ ထပ်ပြီး တောင်းပန်ပါတယ် 🙏🏻🙏🏻🙏🏻” ဆိုပြီး ငြိမ်းသော်က တောင်းပန်လာခဲ့ပါတယ်။
ငြိမ်းသော်ကတော့ တစ်နိုင်ငံလုံးဒုက္ခရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေလည်း မတရားအပြစ်ပေးခံနေရချိန်မှာ သိန်းဆယ်နဲ့ချီပြီး တန်ဖိုးရှိတဲ့ ဂီတဖျော်ဖြေပွဲကိုသွားရောက်ခဲ့ပြီး မြန်မာနိုင်ငံအလံကိုလည်း အသုံးပြုခဲ့တာကြောင့် ဆဲဆိုခံနေရပြီး သူ့အနေနဲ့ အားလုံးကို အနူးအညွှန့်တောင်းပန်ပါတယ်လို့ ပြောလာခဲ့ပါသေးတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Nyein Thaw ‘s fb