Tomorrow Land မှာ မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ ငြိမ်းသော်နဲ့ဟန်လေးကို ဂုဏ်ပြုပါရစေဆိုပြီး ထိထိမိမိပြောလာတဲ့ ပန်ဆယ်လို

နာမည်ကြီး မော်ဒယ်လ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ငြိမ်းသော်နဲ့ ဟန်လေးကတော့ အနုပညာလောကမှာ နာမည်အသီးသီးရရှိထားကြသူများဖြစ်ပါတယ်။ ငြိမ်းသော်နဲ့ ဟန်လေးတို့ဟာ မြန်မာတစ်နိုင်ငံလုံး ဒုက္ခပေါင်းစုံရောက်နေချိန်မှာ နိုင်ငံရပ်ခြားက ပျော်ပွဲရွှင်ပွဲတွေသွားခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ရရှိနေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပန်ဆယ်လိုက Tomorrow Land မှာ မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ ငြိမ်းသော်နဲ့ဟန်လေးကို ဂုဏ်ပြုပါရစေဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ သရော်စာရေးခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။

“Tomorrow Land မှာ မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ ငြိမ်းသော်နဲ့ဟန်လေးကို ဂုဏ်ပြုပါရစေ။ စစ်ကိုင်းကို မီးလောင်တိုက်သွင်းနေတဲ့အချိန်မှာ၊ ၅/ တွေ အသက်တွေ ဘဝတွေပေးနေတဲ့အချိန်မှာ စစ်ကိုင်းသား ၅/ ငြိမ်းသော်က Tomorrow Land မှာ မြန်မာနိုင်ငံအလံကြီးလွှင့်ပြီး မြန်မာပြည်က ငြိမ်းချမ်းသာယာနေလို့ မြန်မာတွေ ဒီလိုပွဲတွေမှာ ပါဝင်ပျော်ရွှင်နေပါတယ်ဆိုတဲ့ မက်ဆေ့ချ်ကို ပေးခဲ့တဲ့အတွက်ပါ။ လူသတ်သမားတွေ အုပ်ချုပ်နေတဲ့နိုင်ငံ၊ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ နိုင်ငံ၊ ပြည်သူတွေရဲ့ ဒုက္ခတွေ မျက်ရည်တွေကို နင်းချေနေတဲ့နိုင်ငံ၊ နိုင်ငံအဆင့်လူသတ်မှုတွေ ပေါ်တင်ကျူးလွန်နေတဲ့နိုင်ငံ၊ ဒီနိုင်ငံရဲ့ အလံက သိပ်ဂုဏ်ယူစရာကောင်းနေလားလို့ ငြိမ်းသော်နဲ့ ဟန်လေးကို မေးပါရစေ။ ”

“ငါတို့ပြည်သူတွေက နင်တို့ကို လာလည်းမဖမ်းပါဘူး။ စစ်ကြောရေးမှာနှိပ်စက်သတ်ဖြတ်မှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ငါတို့လုပ်နိုင်တာက လူမှုရေးပြစ်ဒဏ်ပဲ။ မသာအိမ်မှာ အလံလွှင့် DJနဲ့ ကနေတဲ့ ဒီလို ရေပေါ်ဆီ ဖက်ခွက်စားတွေကို ဖယ်ကျဉ်ကြမယ်၊ အားမပေးဘူး၊ တန်ရာတန်ရာ ပေးကြမယ်။ ပထမဆုံး ဒီလူတွေကို Follow လုပ်ထားရင် Follow ဖြုတ်ပါ။ ဒီလိုလုပ်ရပ်တွေကို ပြည်သူက လက်မခံကြောင်း၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်းပြောပါ။ သူတို့နဲ့ ကြော်ငြာနေတဲ့ စီးပွါးရေးလုပ်ငန်းတွေကို သူတို့နဲ့ ဆက်ဆံကြော်ငြာနေမယ်ဆိုရင် ဆက်လက်အားမပေးနိုင်ကြောင်း အသိပေးပါ။ ငါတို့မှာ ရှိတဲ့ ငါတို့ရဲ့ အင်အားကို ပြကြမယ်။ အကြောက်တရားဆိုတာ သတ်ပြဖြတ်ပြတဲ့ဘက်မှာချည်းပဲ မဟုတ်ဘဲ ဉာဏ်ပညာနဲ့ ဖြိုချနိုင်တယ်ဆိုတာ ပြသကြမယ်။ ရေပေါ်ဆီမှန်သမျှ ဆန့်ကြင်ကြ။” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ငြိမ်းသော်နဲ့ ဟန်လေးကတော့ မြန်မာပြည်ကြီးအခက်အခဲဒုက္ခရောက်နေတာကို မမှုပဲ တိုင်းပြည်အတွက် ကြိုးစားပေးနေတဲ့ နိုင်ငံရေးသမားတွေကိုလည်း မမှုကာ မြန်မာနိုင်ငံအလံကြီးကို ပျော်ပွဲရွှင်ပွဲမှာ အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ ထိုအကြောင်းနဲ့ပတ်သက်ပြီး ငြိမ်းသော်နဲ့ ဟန်လေးက ပြည်သူလူထုကျေနပ်အောင် တောင်းပန်ထားခြင်းမရှိသေးပါဘူး။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: ပန်ဆယ်လို’s fb

error: Alert: Content is protected !!