Single Mom တစ်ယောက်ဖြစ်ပေမယ့် သားသမီးနဲ့မိဘတွေရဲ့ အကူအညီယူပြီး ကြိုးစားရှေ့ဆက်နေပါတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးသွားတဲ့နောက်မှာ ကလေးနှစ်ယောက်ကို တစ်ယောက်တည်းပြုစုပျိုးထောင်နေတာပဲဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက လက်ရှိမှာလည်း ကလေးတွေရှေ့ရေးအတွက် အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ စီးပွားရှာရသလို မိခင်တစ်ယောက်အနေနဲ့လည်း ကလေးတွေရဲ့ ဝေယျာဝစ္စတွေအားလုံးကို တာဝန်ယူဖြေရှင်းနေရတာပဲဖြစ်ပါတယ်။

Single Mom တစ်ယောက်ဖြစ်သွားပေမယ့် ဘဝကို အရှုံးမပေးစတမ်း ရင်ဆိုင်ကျော်ဖြတ်နေတဲ့ နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ခွန်အားတွေကို သားလေးသမီးလေးနဲ့ မိဘတွေဆီက ရရှိထားကြောင်း အခုလိုပဲပြောလာပါတယ်။ နန်းမြတ်ဖြိုးသင်းက “ရဲရင့်မှုတွေ ယုံကြည့်မှုတွေက ရှေ့ဆက်ဖို့တွက်ခွန်အားတွေပဲ။ သားနဲ့သမီးဆီကနေယုံကြည်မှုတွေရတယ် မိဘတွေဆီကနေရဲရင့်မှုတွေကူးယူတယ်။ ကြိုးစားပီးရှေ့ဆက်နေတယ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းဖြစ်သူမရှိတော့ပေမယ့် သားသမီးနဲ့ မိဘတွေကြောင့် ဘဝကို ရဲရဲဝံ့ဝံ့ကျော်ဖြတ်နေတာပဲဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ နန်းမြတ်တစ်ယောက် ရှေ့လျှောက် အဆင်ပြေချောမွေ့ခြင်းတွေနဲ့သာ ကြုံရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Nann Myat Phyo Thin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Yolo

error: Alert: Content is protected !!