PDF တွေအတွက် ထောက်ပံ့ငွေ ဆယ်သိန်းလှူဒါန်းခဲ့တယ် ဆိုတဲ့ ကောလဟာလကိုဖြေရှင်းလာတဲ့ ချယ်ရီသင်း

“ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်” သီချင်းနဲ့ ပရိသတ်တွေကြား နာမည်ကြီးလာခဲ့တဲ့ အဆိုတော်ချယ်ရီသင်းကတော့ နောက်ပိုင်းမှာ သီချင်းကောင်းလေးတွေ ဆက်တိုက်သီဆိုထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ အောင်မြင်စပြုနေပြီဖြစ်တဲ့ အဆိုတော်တစ်ယောက်ပီပီ နာမည်ဖျက်ချောက်တွန်းခြင်းတွေခံရလေ့ရှိတဲ့အတိုင်း ဒီကနေ့မှာလည်း ချယ်ရီသင်းဟာ ထိုင်းနိုင်ငံအခြေစိုက် KNU နယ်မြေက PDF တွေကိုထောက်ပံ့နေတဲ့ AAC ရဲမင်းကနေတဆင့် ကရင်ပြည်နယ်တောတွင်းရောက် PDF တွေအတွက် ငွေကျပ် (၁၀) သိန်းထောက်ပံ့ခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်။

ထိုသတင်းမှားနဲ့ပတ်သက်ပြီး ချယ်ရီသင်းက “အခုလက်ရှိပြန့်နှံ့နေတဲ့သတင်းတွေနဲ့ပက်သက်ပြီး ချယ်တကယ် ဘာမှကိုမသိရပါဘူး။ တိုက်ဆိုင်လွန်းတာကလည်း မနေ့က ချယ် ဘန်ကောက်ကို သူငယ်ချင်းကအဖော်ခေါ်တဲ့အတွက်မနေ့ကဘဲ ရောက်တယ်။ ရောက်ရောက်ချင်း လေဆိပ်ကထွက်ထွက်ချင်း အခုသတင်းတွေကို တွေ့လိုက်ရတယ်။ တော်တော်ကို တုန်လှုပ်သွားမိပါတယ်။ဘယ်သူတွေကများ တိုက်ခိုက်ချင်လို့ အခုလိုရည်ရွယ်ချက်ရှိရှိ လုပ်တာလဲစဉ်းစားလို့ကိုမရဘူး။ ဒီဘန်ကောက်ခရီးစဉ်ကလဲ လွန်ခဲ့တဲ့တစ်လလောက်ထဲက စီစဉ်ထားတဲ့ tripပါ၊ ”

“အတိအကျပြောရရင် လေယာဉ်လက်မှတ်တောင် May 11ရက်ထဲက အသွားအပြန် ဖြတ်ထားခဲ့တာပါ။ အခုတော့ တိုက်ခိုက်တဲ့သူကတော့ ဝမ်းသာနေမှာပါ။ အိမ်ကမိသားစုကလဲ တော်တော့်ကို စိတ်ထိခိုက်နေကြပါတယ်။ ချယ့် အနေအထားနဲ့ အခုလိုအချိန်မှာ ဘယ်လိုလုပ်လှူနိုင်မှာလဲ။ ဘာအလုပ်တွေလုပ်နေရလို့လဲ။ တကယ်လုပ်မှတော့ အဲ့လိုစာရွက်စာတမ်းနဲ့ ဂုဏ်ဆာပီး လှူပါ့မလား တင်ပါ့မလား ချယ်လဲ မြန်မာနိုင်ငံထဲမှာနေနေတာပဲ။ ချယ့်ကို ဒုက္ခရောက်စေချင်လို့ စာရွက်စာတမ်းတွေ တမင်ဖန်တီးပီး ချယ် ခရီးထွက်တဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တမင်ကို တင်လိုက်တာ။ အခုတော့ အားလုံးစိတ်ဒုက္ခတွေရောက်နေရတယ်။ အခုခရီး လေယာဉ်လက်မှတ်ကလဲ visit visa နဲ့သွားတဲ့အတွက် အသွားအပြန်ဖြတ်ထားခဲ့တာပါ။ ဒီလိုစာအရှည်ကြီးတွေလဲ မရေးချင်ပါဘူး။ မူရင်း sourse ကိုသာ သေချာရှာပြီး လေ့လာစေချင်ပါတယ်။” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့ပါတယ်။

ချယ်ရီသင်းကတော့ ခရီးသွားနေတုန်းအချိန် တိုက်တိုက်ဆိုင်ဆိုင်ပဲ အခုလိုသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပြီး အဆိုပါသတင်းဟာလည်း တမင်ကို ဖန်တီးယူထားတဲ့ စာရွက်စာတမ်းအတုတွေနဲ့ သတင်းတုသာဖြစ်တယ်လို့ အသိပေးလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Cherry Thin ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

PDF ေတြအတြက္ ေထာက္ပံ့ေငြဆယ္သိန္းလႉဒါန္းခဲ့တယ္ဆိုတဲ့ ေကာလဟာလကိုေျဖရွင္းလာတဲ့ ခ်ယ္ရီသင္း

“ခြင့္လႊတ္ေပးဖို႔ေတာင္းပန္ခ်င္” သီခ်င္းနဲ႔ ပရိသတ္ေတြၾကား နာမည္ႀကီးလာခဲ့တဲ့ အဆိုေတာ္ခ်ယ္ရီသင္းကေတာ့ ေနာက္ပိုင္းမွာ သီခ်င္းေကာင္းေလးေတြ ဆက္တိုက္သီဆိုထုတ္လုပ္ခဲ့တာပဲျဖစ္ပါတယ္။ ေအာင္ျမင္စျပဳေနၿပီျဖစ္တဲ့ အဆိုေတာ္တစ္ေယာက္ပီပီ နာမည္ဖ်က္ေခ်ာက္တြန္းျခင္းေတြခံရေလ့ရွိတဲ့အတိုင္း ဒီကေန႔မွာလည္း ခ်ယ္ရီသင္းဟာ ထိုင္းႏိုင္ငံအေျခစိုက္ KNU နယ္ေျမက PDF ေတြကိုေထာက္ပံ့ေနတဲ့ AAC ရဲမင္းကေနတဆင့္ ကရင္ျပည္နယ္ေတာတြင္းေရာက္ PDF ေတြအတြက္ ေငြက်ပ္ (၁၀) သိန္းေထာက္ပံ့ခဲ့တယ္ဆိုၿပီး သတင္းေတြထြက္ေပၚေနတာပဲျဖစ္ပါတယ္။

ထိုသတင္းမွားနဲ႔ပတ္သက္ၿပီး ခ်ယ္ရီသင္းက “အခုလက္ရွိျပန႔္ႏွံ႔ေနတဲ့သတင္းေတြနဲ႔ပက္သက္ၿပီး ခ်ယ္တကယ္ ဘာမွကိုမသိရပါဘူး။ တိုက္ဆိုင္လြန္းတာကလည္း မေန႔က ခ်ယ္ ဘန္ေကာက္ကို သူငယ္ခ်င္းကအေဖာ္ေခၚတဲ့အတြက္မေန႔ကဘဲ ေရာက္တယ္။ ေရာက္ေရာက္ခ်င္း ေလဆိပ္ကထြက္ထြက္ခ်င္း အခုသတင္းေတြကို ေတြ႕လိုက္ရတယ္။ ေတာ္ေတာ္ကို တုန္လႈပ္သြားမိပါတယ္။ဘယ္သူေတြကမ်ား တိုက္ခိုက္ခ်င္လို႔ အခုလိုရည္႐ြယ္ခ်က္ရွိရွိ လုပ္တာလဲစဥ္းစားလို႔ကိုမရဘူး။ ဒီဘန္ေကာက္ခရီးစဥ္ကလဲ လြန္ခဲ့တဲ့တစ္လေလာက္ထဲက စီစဥ္ထားတဲ့ tripပါ၊ ”

“အတိအက်ေျပာရရင္ ေလယာဥ္လက္မွတ္ေတာင္ May 11ရက္ထဲက အသြားအျပန္ ျဖတ္ထားခဲ့တာပါ။ အခုေတာ့ တိုက္ခိုက္တဲ့သူကေတာ့ ဝမ္းသာေနမွာပါ။ အိမ္ကမိသားစုကလဲ ေတာ္ေတာ့္ကို စိတ္ထိခိုက္ေနၾကပါတယ္။ ခ်ယ့္ အေနအထားနဲ႔ အခုလိုအခ်ိန္မွာ ဘယ္လိုလုပ္လႉႏိုင္မွာလဲ။ ဘာအလုပ္ေတြလုပ္ေနရလို႔လဲ။ တကယ္လုပ္မွေတာ့ အဲ့လိုစာ႐ြက္စာတမ္းနဲ႔ ဂုဏ္ဆာပီး လႉပါ့မလား တင္ပါ့မလား ခ်ယ္လဲ ျမန္မာႏိုင္ငံထဲမွာေနေနတာပဲ။ ခ်ယ့္ကို ဒုကၡေရာက္ေစခ်င္လို႔ စာ႐ြက္စာတမ္းေတြ တမင္ဖန္တီးပီး ခ်ယ္ ခရီးထြက္တဲ့အခ်ိန္နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ တမင္ကို တင္လိုက္တာ။ အခုေတာ့ အားလုံးစိတ္ဒုကၡေတြေရာက္ေနရတယ္။ အခုခရီး ေလယာဥ္လက္မွတ္ကလဲ visit visa နဲ႔သြားတဲ့အတြက္ အသြားအျပန္ျဖတ္ထားခဲ့တာပါ။ ဒီလိုစာအရွည္ႀကီးေတြလဲ မေရးခ်င္ပါဘူး။ မူရင္း sourse ကိုသာ ေသခ်ာရွာၿပီး ေလ့လာေစခ်င္ပါတယ္။” ဆိုၿပီး သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အသိေပးလာခဲ့ပါတယ္။

ခ်ယ္ရီသင္းကေတာ့ ခရီးသြားေနတုန္းအခ်ိန္ တိုက္တိုက္ဆိုင္ဆိုင္ပဲ အခုလိုသတင္းထြက္ေပၚလာခဲ့တာျဖစ္ျပီး အဆိုပါသတင္းဟာလည္း တမင္ကို ဖန္တီးယူထားတဲ ့ စာရြက္စာတမ္းအတုေတြနဲ့ သတင္းတုသာျဖစ္တယ္လို့ အသိေပးလာတာပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Cherry Thin ‘s fb

error: Alert: Content is protected !!