ကိုယ်ရေးကိုယ်တာကိစ္စတွေကို မဆိုင်တဲ့အမေ့ဆီသွားပြောတဲ့လူတွေကို စိတ်တိုစွာ နဲ့ ပြန်လည်တုံ့ပြန်ခဲ့တဲ့ နေဒွေးရဲ့ အသံဖိုင်

သရုပ်ဆောင်နေဒွေးကတော့ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်သလို မိဘအပေါ်သိတတ်ပြီး မိဘစိတ်ချမ်းသာအောင်ထားတဲ့သားလိမ္မာအဖြစ် လူသိများသူတစ်ယောက်ဖြစ်ပါတယ်။ နေဒွေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ လူသိရှင်ကြားပြဿနာတွေတက်ခဲ့ပြီး ပရိသတ်တွေရဲ့ဝေဖန်မှုကိုလည်း ခံခဲ့ရသေးတာဖြစ်ပါတယ်။ လက်ရှိမှာတော့ နေဒွေးကလည်း ချစ်သူသစ်ရရှိနေပြီဖြစ်ပြီး အရာအားလုံးကအေးအေးဆေးဆေးဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် နေဒွေးကိုမကြိုက်ကြတဲ့ ပရိသတ်တချို့ကတော့ နေဒွေးရဲ့ပြဿနာနဲ့ ပတ်သက်ပြီး နေဒွေးကိုသာမက နေဒွေးရဲ့မိခင်ကြီးကိုပါ ဝေဖန်စာတွေပေးပို့ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ နေဒွေးက သူ့ရဲ့မိခင်အကောင့်ကနေ Voice Mail ပို့ပြီး သူ့အမေကိုပါ မဆီမဆိုင်ဆွဲထည့်တဲ့ ပရိသတ်ကို ဒေါသတကြီးပြန်လည်တုံ့ပြန်ခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။

နေဒွေးရဲ့ကိစ္စကတော့ လူငယ်ချင်းဖြစ်တဲ့ပြဿနာဖြစ်ပြီး အခုလို မိဘတွေအထိပါပြောဆိုတာကတော့ လက်မခံနိုင်စရာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ နေဒွေးက သူ့ရဲ့အမေကိုပါပြောဆိုသူတွေကို ဒေါသတကြီးပြန်လည်တုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

ဇော်ဂျီဖြင့်ဖတ်ရန်






error: Alert: Content is protected !!