MV ရိုက်ရင်း ပိုင်တံခွန်ရဲ့ နှိမ့်ချတတ်ပြီး ဖြူစင်လွန်းတဲ့ စိတ်ထားလေးကို သိခွင့်ရခဲ့တယ်ဆိုတဲ့ တွင်ကယ်လ်

အဆိုတော် တွင်ကယ်လ်ကတော့ တချိန်က သီချင်းကောင်းလေးတွေသီဆိုရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တွင်ကယ်လ်ဟာ အောင်မြင်နေဆဲအချိန်မှာပဲ လမ်းမှားရောက်ခဲ့တာကြောင့် အနုပညာအလုပ်တွေနဲ့ (၁၅) နှစ်တိုင်တိုင် ဝေးကွာသွားခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ပြန်လည်ထိတွေ့ဖို့ “စွန်ကလေး” သီချင်းကို စတင်ဖန်တီးနေပြီဖြစ်တဲ့ တွင်ကယ်လ်ဟာ သူမရဲ့သီချင်းမှာ မေတ္တာနဲ့ ပါဝင်သရုပ်ဆောင်ပေးထားတဲ့ ပိုင်တံခွန်ရဲ့ချစ်စရာကောင်းတဲ့ စိတ်ထားလေးအကြောင်းကို ပြောပြလာပါတယ်။

“♥♦♦ နှိမ့်ချလွန်းပြီးဖြူစင်လိုက်တာ😘 ♥သူ့ကြည့်ရတာကလေးလေးတစ်ယောက်လိုပဲ☺ 🕴သူမင်းသားဖြစ်နေတာကိုမေ့များနေသလားထင်ရတယ် 🤝သူတပါးပေါ်အားပေးဖေးမတတ်တာလည်းလွန်ရောပဲ!!! 😳ခုလည်းစွန်လွှတ်ဖို့သူကိုယ်တိုင်ကြိုးစားကူညီနေပုံလေးများ……ကျွန်မသူနဲ့ဆုံတဲ့တစ်ခဏမှာအများကြီးသင်ယူလိုက်ရပါတယ်…Thank you ♦♦စွန်ကလေး♦♦” ဆိုပြီး ပိုင်တံခွန်ရဲ့ စိတ်ထားလေးအကြောင်းကို ပြောပြလာခဲ့ပါတယ်။

တွင်ကယ်လ်ကတော့ ပိုင်တံခွန်နဲ့တွေ့ဆုံနဲ့ တစ်ခဏမှာ ပိုင်တံခွန်ဆီက သင်ယူစရာတွေအများကြီးရရှိခဲ့တယ်လို့ ဆိုလာပါတယ်။ ပိုင်တံခွန်ကတော့ အနုပညာရှင်အချင်းချင်းကတောင် မလေးစားပဲမနေနိုင်တဲ့ အဆင်းရောအချင်းပါပြည့်စုံတဲ့ မင်းသားချောတစ်ယောက်ပါပဲ။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Twinkle’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Twinkle’s fb

error: Alert: Content is protected !!