Macrame Project (6) တစ်ခုတည်းနဲ့တင် ရံပုံငွေ သိန်း (၇၀၀) ကျော်ကို ထပ်မံရရှိခဲ့တဲ့ ချစ်သုဝေ
အဆိုတော် ချစ်သုဝေကတော့ လူတကာလုပ်ဖို့မဝံ့မရဲဖြစ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်တိုက်ထုတ်ရေးကို ဒီနေ့ဒီအချိန်ထိ လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ သမီးလေးနှစ်ယောက်နဲ့အတူ ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသမှာ နေထိုင်နေရပေမယ့် ချစ်သုဝေက တော်လှန်ရေးအတွက် သူမကိုယ်တိုင် ထိုးထားတဲ့ အိတ်လေးတွေကို မဲစနစ်နဲ့ရောင်းချပြီး လိုအပ်တဲ့နေရာတွေကိုလှူဒါန်းနိုင်ဖို့ ရံပုံငွေရှာဖွေနေဆဲဖြစ်ပါတယ်။ ချစ်သုဝေရဲ့ Macrame အိတ်လေးတွေကလည်း ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိပြီး တစ်ခါလက်မှတ်တွေရောင်းရတိုင်း တစ်ခါသိန်းရာချီရောင်းချပေးနေရတာပဲဖြစ်ပါတယ်။
မနေ့က မေလ (၁၂) ရက်နေ့မှာလည်း ချစ်သုဝေက သူမရဲ့ (၆) ကြိမ်မြောက် Macrame အိတ်လေးတွေကို မဲဖောက်ပေးခဲ့ရာ ဒီတစ်ခါရောင်းချတဲ့ Macrame Project (6) တစ်ခုတည်းနဲ့တင် ရံပုံငွေ သိန်း (၇၀၀) ကျော်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ချစ်သုဝေက “ရေစက်လေးတွေစုစည်းလိုက်ရင် ရေအိုးကြီးပြည့်သွားတတ်သလို တော်လှန်ပြည်သူတွေရဲ့ စုပေါင်းအားကြောင့် မနည်းလှတဲ့ ပမာဏကို စုစည်းနိုင်ခဲ့ခြင်းပါပဲ။ ပြည်တွင်း/ပြည်ပကနေပြီး တော်လှန်ရေးကို ထောက်ကူခဲ့ကြတဲ့၊ အားပေးဝန်းရံခဲ့ကြတဲ့ Macrame ချစ်သူ၊ တော်လှန်ပြည်သူ အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ မြေပြင်ကိုတိုက်ရိုက်စီးဆင်းသွားတဲ့ မှတ်တမ်းတွေရတဲ့အခါ ပြန်လည်တင်ပြပေးပါဦးမယ်။ ” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့ပါတယ်။
ချစ်သုဝေကတော့ Macrame Project တစ်ခါလုပ်တိုင်း သိန်းရာချီကျော် ရံပုံငွေတွေရရှိပြီး ဒီတစ်ခေါက်မှာလည်း သိန်း (၇၀၀) ကျော်ပမာဏကို ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပိုက်ဆံတွေကလည်း မြန်မာပြည်ကြီးထဲမှာ လိုအပ်နေတဲ့နေရာတွေကို တိုက်ရိုက်လှူဒါန်းသွားမှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: Chit Thu Wai’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Yolo
Source: Chit Thu Wai’s fb