Live Sale လမ်းကြောင်းပေါ်ရောက်အောင် ဖေးမကူညီပေးခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ကျေးဇူးတရားအကြောင်းပြောလာတဲ့ ညီနန္ဒ
သရုပ်ဆောင် ညီနန္ဒကတော့ တစ်ခေတ်တစ်ခါက ဗီဒီယိုဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ကြီးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ညီနန္ဒဟာ အခုလက်ရှိအသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်လာခဲ့ပြီး တစ်ဖက်မှာလည်း Live Sale ရောင်းချခြင်းကို အချိန်ပေးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ညီနန္ဒကတော့ သူ့ကို Live Sale လမ်းကြောင်းပေါ်ရောက်အောင် အားအင်တွေပေးပြီး ဖေးမကူညီပေးခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ကျေးဇူးအကြောင်းကို အခုလိုပဲပြောလာပါတယ်။
“ဈေးဦးပေါက်ပြီးနောက်ပိုင်း စံချိန်တင်အောင် တစ်ခဲနက်အားပေးကြတဲ့ မိတ်ဆွေအပေါင်းအသင်း,သူငယ်ချင်းများနဲ့ချစ်ပရိသတ်များအားလုံးကို ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်…💓🙏💓 အဲဒီလိုအားပေးသူများထဲမှ ကျွန်တော့ကို live sale လမ်းကြောင်းပေါ်ရောက်အောင် လုပ်ငန်းရှင်များနဲ့မိတ်ဆက်ပေးပြီး လက်တွဲခေါ်ခဲ့တဲ့ ညီမလေး နှိုင်းယှဉ်ကလည်း ၃၈သိန်းဖိုး ဝင်ရောက်ဝယ်ယူအားပေးခဲ့ပါတယ်…💓💓💓 အမြဲတမ်းအင်အားတွေပေးပြီး ဖေးမကူညီတဲ့ ညီမလေးကိုလည်း တစ်သက်လုံး မမေ့လျော့ပဲ ကျေးဇူးတင်နေမှာပါ…💓💓💓 လုပ်ငန်းစ,လုပ်တဲ့ ဧပြီလ ၂ရက်နေ့မှစပြီး ဒီနေ့အထိ မိသားစုအရင်းတွေလိုသဘောထားပြီး ပုံမှန်အလုပ်ပေးခဲ့တဲ့ ဆရာဦးတင်မောင်သန်း နဲ့ အစ်မ မနီလာတို့ကိုလည်း ကျေးဇူးအထူးတင်ဂါရဝပြုပါတယ်…🙏🙏🙏 ကျွန်တော်လိုချင်တဲ့ပန်းတိုင်မရောက်သေးပါဘူး… ဆက်ပြီးကြိုးစားပါအုံးမယ်…💪💪💪” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
ညီနန္ဒကတော့ သူ့ကို Live Sale လမ်းကြောင်းပေါ်ရောက်အောင် ဖေးမပေးခဲ့ရုံသာမက သူ့ကို ဒီနေ့ဒီအချိန်ထိ အားပေးနေဆဲဖြစ်တဲ့ သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်အကြောင်းကို ကျေးဇူးတင်စွာပြောလာခဲ့တာပဲဖြစ်ပါတယ်။ ညီနန္ဒတစ်ယောက် အခုလိုပဲ အောင်မြင်မှုတွေတဖွဲဖွဲရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Nyi Nanda’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Live Sale လမ္းေၾကာင္းေပၚေရာက္ေအာင္ ေဖးမကူညီေပးခဲ့တဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္ရဲ႕ေက်းဇူးတရားအေၾကာင္းေျပာလာတဲ့ ညီနႏၵ
သ႐ုပ္ေဆာင္ ညီနႏၵကေတာ့ တစ္ေခတ္တစ္ခါက ဗီဒီယိုဇာတ္လမ္းေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း နာမည္ႀကီးလာခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ညီနႏၵဟာ အခုလက္ရွိအသက္အ႐ြယ္တစ္ခုေရာက္ရွိလာခ်ိန္မွာေတာ့ စီးပြားေရးလုပ္ငန္းေတြကို လုပ္ကိုင္လာခဲ့ၿပီး တစ္ဖက္မွာလည္း Live Sale ေရာင္းခ်ျခင္းကို အခ်ိန္ေပးလုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။ ညီနႏၵကေတာ့ သူ႔ကို Live Sale လမ္းေၾကာင္းေပၚေရာက္ေအာင္ အားအင္ေတြေပးၿပီး ေဖးမကူညီေပးခဲ့တဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္ရဲ႕ေက်းဇူးအေၾကာင္းကို အခုလိုပဲေျပာလာပါတယ္။
“ေဈးဦးေပါက္ၿပီးေနာက္ပိုင္း စံခ်ိန္တင္ေအာင္ တစ္ခဲနက္အားေပးၾကတဲ့ မိတ္ေဆြအေပါင္းအသင္း,သူငယ္ခ်င္းမ်ားနဲ႔ခ်စ္ပရိသတ္မ်ားအားလုံးကို ရင္ထဲကလႈိက္လႈိက္လွဲလွဲ ေက်းဇူးအထူးတင္ပါတယ္…💓🙏💓 အဲဒီလိုအားေပးသူမ်ားထဲမွ ကြၽန္ေတာ့ကို live sale လမ္းေၾကာင္းေပၚေရာက္ေအာင္ လုပ္ငန္းရွင္မ်ားနဲ႔မိတ္ဆက္ေပးၿပီး လက္တြဲေခၚခဲ့တဲ့ ညီမေလး ႏႈိင္းယွဥ္ကလည္း ၃၈သိန္းဖိုး ဝင္ေရာက္ဝယ္ယူအားေပးခဲ့ပါတယ္…💓💓💓 အၿမဲတမ္းအင္အားေတြေပးၿပီး ေဖးမကူညီတဲ့ ညီမေလးကိုလည္း တစ္သက္လုံး မေမ့ေလ်ာ့ပဲ ေက်းဇူးတင္ေနမွာပါ…💓💓💓 လုပ္ငန္းစ,လုပ္တဲ့ ဧၿပီလ ၂ရက္ေန႔မွစၿပီး ဒီေန႔အထိ မိသားစုအရင္းေတြလိုသေဘာထားၿပီး ပုံမွန္အလုပ္ေပးခဲ့တဲ့ ဆရာဦးတင္ေမာင္သန္း နဲ႔ အစ္မ မနီလာတို႔ကိုလည္း ေက်းဇူးအထူးတင္ဂါရဝျပဳပါတယ္…🙏🙏🙏 ကြၽန္ေတာ္လိုခ်င္တဲ့ပန္းတိုင္မေရာက္ေသးပါဘူး… ဆက္ၿပီးႀကိဳးစားပါအုံးမယ္…💪💪💪” ဆိုျပီး ေျပာလာတာပဲျဖစ္ပါတယ္။
ညီနႏၵကေတာ့ သူ့ကို Live Sale လမ္းေၾကာင္းေပၚေရာက္ေအာင္ ေဖးမေပးခဲ့ရံုသာမက သူ့ကို ဒီေန့ဒီအခ်ိန္ထိ အားေပးေနဆဲျဖစ္တဲ့ သရုပ္ေဆာင္နိႈင္းယွဥ္ျမင့္မိဳရ္အေၾကာင္းကို ေက်းဇူးတင္စြာေျပာလာခဲ့တာပဲျဖစ္ပါတယ္။ ညီနႏၵတစ္ေယာက္ အခုလိုပဲ ေအာင္ျမင္မႈေတြတဖြဲဖြဲရရိွပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Nyi Nanda’s fb