Live Sale ရောင်းချရာမှာ အလွဲလွဲအချော်ချော်တွေအမြဲဖြစ်တတ်တဲ့ သူမရဲ့အကျင့်လေးကို ပြသလာတဲ့ ဝိုင်းစုခိုင်သိန်း

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ အနုပညာနယ်ပယ်နှစ်ခုစလုံးမှာ ကျွမ်းကျင်သူဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ သရုပ်ဆောင်အလုပ်ကိုရပ်နားလိုက်ပြီး ဂီတလမ်းကြောင်းဘက်ကို ဦးစားပေးလုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဝိုင်းစုခိုင်သိန်းရဲ့ အနုပညာလှုပ်ရှားမှုအားလုံးကို စိတ်ဝင်တစားနဲ့ အားပေးနေကြလျက်ရှိပါတယ်။

လက်ရှိမှာလည်း ဝိုင်းစုခိုင်သိန်းကတော့ အွန်လိုင်းကနေ Online Live Sale ရောင်းချခြင်းကို လုပ်ကိုင်နေလျက်ရှိတာဖြစ်ပြီး ပစ္စည်းတွေရောင်းချပေးနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဝိုင်းစုရဲ့ လွဲချော်တတ်တဲ့ သဘောသဘာဝအတိုင်း ပစ္စည်းတွေကို ဈေးတွေအမျိုးမျိုးမှားပြောတတ်တဲ့ အကျင့်လေးကို “အဲ့လိုမလွဲရင် ဝိုင်းစုခိုင်သိန်းအစစ်မဟုတ်ဘူး😂🤣”ဆိုပြီး ဗီဒီယိုလေးနဲ့တကွ ပြသလာပါတယ်။

ဝိုင်းစုခိုင်သိန်းကတော့ အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ သူမရဲ့အကျင့်လေးကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝိုင်းစုခိုင်သိန်းရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wine Su ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Wine Su ‘s fb

error: Alert: Content is protected !!