




Source: Nhying Shin’s fb

Live Sale ရောင်းချတဲ့ အချိန် (၂) နာရီအတွင်း သိန်းသုံးထောင်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကို ရောင်းချနိုင်ခဲ့တယ်ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ်

သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်အတိုင်း ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုခံရသူဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ပါပဲ။ လက်ရှိမှာတော့ နှိုင်းယှဉ်မြင့်မိုရ်ဟာ သရုပ်ဆောင်အလုပ်ကို ရပ်နားထားပြီး အွန်လိုင်းကနေ Live Sale ရောင်းချရင်း မအားလပ်နိုင်အောင်ရှိနေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ်ဟာ သူမရဲ့ Live Sale ရောင်းချတဲ့ စံချိန်သစ်အတွက် ဝမ်းသာနေရကြောင်း ပရိသတ်တွေကိုပြောလာပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က “ဂုဏ်ဆာလို့ရမလား ၂နာရီအတိရောင်းပေးလိုက်တာ.. ၂၅၀၀ နဲ့၃၀၀၀ ကြား အော်ဒါထည်တွေမပါသေး💎💎💎 LiLi 💎💎💎💎အိမ်ကျရင် အဲ့ နှစ်နာရီစာ Live ကိုပြန်ကြည့်ပီးအရသာခံလိုက်အုန်းမယ်😂 ဘာ page မပါ 3k ကျော်ထိ တက်ပေးတဲ့ ကံတရား👍” ဆိုပြီး သူမရဲ့ ဝမ်းသာပီတိဖြစ်မှုကို ပရိသတ်တွေဆီ မျှဝေပေးလာပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ အချိန် (၂) နာရီအတွင်းမှာ ကျပ်သိန်း (၃၀၀၀) နီးပါး လက်ဝတ်ရတနာတွေကို ရောင်းချနိုင်တယ်ဆိုတာ နည်းတဲ့ပါရမီတော့မဟုတ်ပါဘူးနော်။ နှိုင်းယှဉ်မြင့်မိုရ်တစ်ယောက် ဒီထက်မက အလုပ်အကိုင်ကောင်းပြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nhying Shin’s fb

error: Alert: Content is protected !!