Live Sale ရောင်းချတဲ့ ပထမဦးဆုံးအကြိမ်မှာပဲ သိန်း (၃၀၀) ကျော်ဖိုးရောင်းချနိုင်ခဲ့တယ်ဆိုတဲ့ မျိုးစန္ဒီကျော်
သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ ဗီဒီယို ဇာတ်ကားတွေနဲ့ ပြက္ခဒိန်ကြော်ငြာတွေ ရိုက်ကူးခြင်းကနေတဆင့် နာမည်ကြီးလာတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ မျိုးစန္ဒီကျော်ကတော့ လက်ရှိမှာ သမီးလေး ဂျူဝယ်လ်ကို ရင်အုပ်မကွာစောင့်ရှောက်ထားပြီး အနုပညာအလုပ်၊ စီးပွားရေး အလုပ်တွေကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။ အားလပ်တဲ့အချိန်မှာ ပရဟိတအလုပ်တွေကို အချိန်ပေးလုပ်ကိုင်ပေးရင်း လုပ်အားဒါနကုသိုလ်တွေပြုပေးလေ့ရှိတဲ့ မျိုးစန္ဒီကျော်က ဒီကနေ့မှာလည်း သူမပထမဦးဆုံးရောင်းချတဲ့ ရတနာ Live Sale မှာ သိန်း (၃၀၀) ကျော်ဖိုးရောင်းချနိုင်ခဲ့တယ်ဆိုပြီး အခုလိုပဲပြောပြလာပါတယ်။
မျိုးစန္ဒီကျော်က “မနေ့ညက ဂျိုး ရဲ့ ပထမဆုံး Live Sales မှာ အရောင်း ပြီး တဲ့ ပိတ်တဲ့ အထိ သိန်းသုံးရာကျော်ဖိုး အထိ ရောင်းရတဲ့အပြင် အခုချိန်ထိ orderတွေ တက်နေဆဲဖြစ်ကြောင်းကို ညီမလေး ခိုင်ထက်ကျော်က ဝမ်းသာစရာ သတင်းကို ပြောပြလာတယ်။ မနေ့ညက Liveမှာ အားပေး ဝန်းရံခဲ့တဲ့ အစ်မတွေ ညီမတွေ မောင်တွေ အကိုတွေကိုလည်း ဒီသတင်း ဝမ်းသာရအောင်လို့ ပြောပေးရပါတယ်။ အထူးသဖြင့် မရောင်းတတ် မဝယ်တတ်သေးတဲ့ဂျိုးကို စိတ်ရှည်လက်ရှည် နဲ့စောင့်ဆိုင်း ဝယ်ပေးသူ အယောက်တိုင်းကိုလည်း အထူးကျေးဇူးတင်ကြောင်း လေးလေးနက်နက် ပြောချင်ပါတယ်ရှင် 🥰 နောက်ထပ်ဂျိုး အထူးအထူး ကျေးဇူးတင် ချင်တာက အခု Liveအတွက်အစစအရာရာ စီစဉ်ညွန်းပေးခဲ့တဲ့ ဂျိုးရဲ့ ညီမလေး ခိုင်ထက်ကျော်နဲ့ မိသားစု ဝင်အားလုံးကို ကျေးဇူးအရမ်းတင်မိပါတယ် 😍 ဂျိုးရဲ့Liveကို ဂရုတွေသိရအောင်ကိုယ့်စရိတ် ကိုယ်စိုက်ပြီး ဂရုပေါင်းများစွာ မှာ ရှယ်ပေးခဲ့ကြတဲ့ ဂျိုးကို ချစ်တဲ့သူတော်ကောင်း အပေါင်းကိုလည်း ကျေးဇူးမမေ့ပါရှင်။နောက် Live တိုငိးမှာလည်း အခုလို ဆက်လက်စောင့်ရှောက် ပေးပါလို့ မှာပါရစေနော် 🥰 ပြီးတော့အခုလာမယ့် 11.6.2022စနေနေ့မှာ အားလုံးပြန်ဆုံ ချင်ပါတယ် ။ ပြတဲ့ အထည်တိုင်း ကြိုက်အောင်ပြပေးပြီး မေးရုံနဲ့ ဝယ်ရတဲ့အထိ ရောင်းနိုင်အောင် ဂျိုးဘက်က အစွမ်းကုန် ရောင်းနိုင်အောင် ကြိုးစား ရောင်းမယ်လို့ ကတိပေးပရစေ။ နောက်Liveမှာလည်း အခုဝယ်သူအဟောင်းအပြင် နောက်ဝယ်မယ့် မိတ်သစ်တွေလည်းခေါ် လာစေချင်ပါတယ်။” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။
မျိုးစန္ဒီကျော်ကတော့ သူမရဲ့ ပထမဦးဆုံး Live Sale မှာ ထင်မထားလောက်အောင် ရောင်းချနိုင်ခဲ့ပြီး အော်ဒါတွေလည်း ဆက်တိုက်တက်နေတဲ့အကြောင်းကို ဝမ်းသာအားရပြောလာတာပဲဖြစ်ပါတယ်။ မျိုးစန္ဒီကျော်တစ်ယောက် အခုလိုပဲ အလုပ်အကိုင်တွေအဆင်ပြေနေတာကိုတွေ့ရပါတယ် ဝမ်းသာစရာပါပဲနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Myo Sandy Kyaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Live Sale ေရာင္းခ်တဲ့ ပထမဦးဆုံးအႀကိမ္မွာပဲ သိန္း (၃၀၀) ေက်ာ္ဖိုးေရာင္းခ်ႏိုင္ခဲ့တယ္ဆိုတဲ့ မ်ိဳးစႏၵီေက်ာ္
သ႐ုပ္ေဆာင္ မ်ိဳးစႏၵီေက်ာ္ကေတာ့ ဗီဒီယို ဇာတ္ကားေတြနဲ႔ ျပကၡဒိန္ေၾကာ္ျငာေတြ ႐ိုက္ကူးျခင္းကေနတဆင့္ နာမည္ႀကီးလာတဲ့ မင္းသမီးတစ္လက္ပဲ ျဖစ္ပါတယ္။ မ်ိဳးစႏၵီေက်ာ္ကေတာ့ လက္ရွိမွာ သမီးေလး ဂ်ဴဝယ္လ္ကို ရင္အုပ္မကြာေစာင့္ေရွာက္ထားၿပီး အႏုပညာအလုပ္၊ စီးပြားေရး အလုပ္ေတြကိုလည္း လုပ္ကိုင္ေနလ်က္ရွိပါတယ္။ အားလပ္တဲ့အခ်ိန္မွာ ပရဟိတအလုပ္ေတြကို အခ်ိန္ေပးလုပ္ကိုင္ေပးရင္း လုပ္အားဒါနကုသိုလ္ေတြျပဳေပးေလ့ရွိတဲ့ မ်ိဳးစႏၵီေက်ာ္က ဒီကေန႔မွာလည္း သူမပထမဦးဆုံးေရာင္းခ်တဲ့ ရတနာ Live Sale မွာ သိန္း (၃၀၀) ေက်ာ္ဖိုးေရာင္းခ်ႏိုင္ခဲ့တယ္ဆိုၿပီး အခုလိုပဲေျပာျပလာပါတယ္။
မ်ိဳးစႏၵီေက်ာ္က “မေန႔ညက ဂ်ိဳး ရဲ႕ ပထမဆုံး Live Sales မွာ အေရာင္း ၿပီး တဲ့ ပိတ္တဲ့ အထိ သိန္းသုံးရာေက်ာ္ဖိုး အထိ ေရာင္းရတဲ့အျပင္ အခုခ်ိန္ထိ orderေတြ တက္ေနဆဲျဖစ္ေၾကာင္းကို ညီမေလး ခိုင္ထက္ေက်ာ္က ဝမ္းသာစရာ သတင္းကို ေျပာျပလာတယ္။ မေန႔ညက Liveမွာ အားေပး ဝန္းရံခဲ့တဲ့ အစ္မေတြ ညီမေတြ ေမာင္ေတြ အကိုေတြကိုလည္း ဒီသတင္း ဝမ္းသာရေအာင္လို႔ ေျပာေပးရပါတယ္။ အထူးသျဖင့္ မေရာင္းတတ္ မဝယ္တတ္ေသးတဲ့ဂ်ိဳးကို စိတ္ရွည္လက္ရွည္ နဲ႔ေစာင့္ဆိုင္း ဝယ္ေပးသူ အေယာက္တိုင္းကိုလည္း အထူးေက်းဇူးတင္ေၾကာင္း ေလးေလးနက္နက္ ေျပာခ်င္ပါတယ္ရွင္ 🥰 ေနာက္ထပ္ဂ်ိဳး အထူးအထူး ေက်းဇူးတင္ ခ်င္တာက အခု Liveအတြက္အစစအရာရာ စီစဥ္ၫြန္းေပးခဲ့တဲ့ ဂ်ိဳးရဲ႕ ညီမေလး ခိုင္ထက္ေက်ာ္နဲ႔ မိသားစု ဝင္အားလုံးကို ေက်းဇူးအရမ္းတင္မိပါတယ္ 😍 ဂ်ိဳးရဲ႕Liveကို ဂ႐ုေတြသိရေအာင္ကိုယ့္စရိတ္ ကိုယ္စိုက္ၿပီး ဂ႐ုေပါင္းမ်ားစြာ မွာ ရွယ္ေပးခဲ့ၾကတဲ့ ဂ်ိဳးကို ခ်စ္တဲ့သူေတာ္ေကာင္း အေပါင္းကိုလည္း ေက်းဇူးမေမ့ပါရွင္။ေနာက္ Live တိုငိးမွာလည္း အခုလို ဆက္လက္ေစာင့္ေရွာက္ ေပးပါလို႔ မွာပါရေစေနာ္ 🥰 ၿပီးေတာ့အခုလာမယ့္ 11.6.2022စေနေန႔မွာ အားလုံးျပန္ဆုံ ခ်င္ပါတယ္ ။ ျပတဲ့ အထည္တိုင္း ႀကိဳက္ေအာင္ျပေပးၿပီး ေမး႐ုံနဲ႔ ဝယ္ရတဲ့အထိ ေရာင္းႏိုင္ေအာင္ ဂ်ိဳးဘက္က အစြမ္းကုန္ ေရာင္းႏိုင္ေအာင္ ႀကိဳးစား ေရာင္းမယ္လို႔ ကတိေပးပရေစ။ ေနာက္Liveမွာလည္း အခုဝယ္သူအေဟာင္းအျပင္ ေနာက္ဝယ္မယ့္ မိတ္သစ္ေတြလည္းေခၚ လာေစခ်င္ပါတယ္။” ဆိုျပီးေျပာလာတာပဲျဖစ္ပါတယ္။
မ်ိဳးစႏၵီေက်ာ္ကေတာ့ သူမရဲ့ ပထမဦးဆံုး Live Sale မွာ ထင္မထားေလာက္ေအာင္ ေရာင္းခ်နိုင္ခဲ့ျပီး ေအာ္ဒါေတြလည္း ဆက္တိုက္တက္ေနတဲ့အေၾကာင္းကို ဝမ္းသာအားရေျပာလာတာပဲျဖစ္ပါတယ္။ မ်ိဳးစႏၵီေက်ာ္တစ္ေယာက္ အခုလိုပဲ အလုပ္အကိုင္ေတြအဆင္ေျပေနတာကိုေတြ့ရပါတယ္ ဝမ္းသာစရာပါပဲေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Myo Sandy Kyaw’s fb