Htang Ra နဲ့ လမ်းခွဲပြီးသည့်တိုင်အောင် ပိုက်ဆံနဲ့ပတ်သက်ရင် အကုန်ဖြည့်ဆည်းပေးခဲ့ကြောင်း သက်သေနဲ့တကွချပြလာတဲ့ နေဒွေး
သရုပ်ဆောင် နေဒွေးကတော့ အနုပညာလောကမှာ အောင်မြင်ပေမယ့် အချစ်ရေးကိစ္စနဲ့ပတ်သက်လာရင်တော့ အမြဲတမ်းပြဿနာနဲ့ကြုံရလေ့ရှိသူပါ။ ရည်းစားဟောင်း သရုပ်ဆောင်သံစဉ်မောင်နဲ့လည်း အမှုအခင်းတွေဖြစ်တဲ့အထိ ပြဿနာတက်ခဲ့ဖူးသလို လက်ရှိရည်းစား Htang Ra နဲ့လည်း လူသိရှင်ကြားပြဿနာတွေတက်နေတာပဲဖြစ်ပါတယ်။
နေဒွေးက Htang Ra နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဖုန်းဘေလ်ဖြည့်တာကအစ စေတနာထားငွေပေးခဲ့ကြောင်းကို “မပြီးနိုင်မစီးနိုင် Page Follower တက်တော့ တစ်ခုပြီးတစ်ခုတွေတင်နေတာ တကယ်အရူးကြီးပါလားကွယ်။ ငါမှားတာပါ ကုန်သွားတဲ့ ပိုက်ဆံတွေနဲ့အချိန်တွေပဲ နှမြောတယ်။ ရန်ကုန်လာချင်လို့ဆိုပြီး လေယာဉ်ခ ကားခတွေ Kpay နဲ့လွှဲပေးရ ဒီမှာဘားထိုင်တော့ ပိုက်ဆံမလောက်လို့တောင်း မတွေ့ချင်လို့လာမတွေ့တာကို ရှက်လည်းမရှက်။ မန်းလေးရောက်ပြီး အိမ်ပြန်ဖို့ကားခ 20000 လိုလို့ Kpay နဲ့ ထပ်တောင်းလို့ပေးရ ရှက်တက်ရင်လဲသေကွယ်။ တော်လိုက်ပါတော့။ ပိုက်ဆံတွေလွှဲပေးရတဲ့ Kpay ထဲက ဖုန်းနံပါတ် မတင်ချင်ဘူးနော်။ Live လွှင့်ပြီးရှင်းဦး။ ငါ့ဆီက ဖုန်းဘေလ်ကအစ Kpay နဲ့ မတောင်းဖူးပါဘူးပြောလေ။ Kpay ကလွှဲထားတဲ့ဖုန်းနံပါတ်နဲ့ အဲ့အရူးဖုန်းနံပါတ်တွဲတင်ပေးမယ်။ ပြောရင်လည်း ဦးနှောက်မရှိတဲ့နွားတွေက ပြတ်မှနောက်ကြောင်းဖော်တယ်ဖြစ်ဦးမယ်။ သူ့နောက်ကြောင်းသိချင်ရင် လိပ်စာတွေပေးမယ်။ သွားစုံစမ်း။ ကုန်ကျစရိတ်ပေးလိုက်မယ်” ဆိုပြီး ပြောလာခဲ့ပါတယ်။
ဒါ့အပြင် နေဒွေးက Htang Ra ကို ငွေလွှဲပေးခဲ့ရတဲ့ Kpay Screenshot တွေကိုလည်းတင်ပြီး “သူပြန်သွားပြီး မန်းလေးရောက်ပြီးမှ Taxi ခမရှိလို့ ငွေ ၂၀၀၀၀ထပ်လွဲပေးရတာ။ လွှဲပေးရလို့ပြောတာမဟုတ်ဘူးနော်။ သူ့အလုပ်ကိစ္စနဲ့လာတာ ဘာမှလည်းမဆိုင်တော့ဘူး။ မိတ်ဆွေတွေလိုဆိုပြီး ကားခ၊ လေယာဉ်ခ၊ ဘားထိုင်တာတွေအကုန်တောင်း။ သူတင်ထားတော့ ပိုက်ဆံက တစ်နေ့ သိန်း ၃၀ ဝင်ငွေရှိနေတာဆို။ လုပ်ကြံဇာတ်တွေနဲ့ အတော်ရီရတယ်။ ဘာသိချင်သေးလဲ လာမေးကြနော် အကုန်ပြောမယ် သက်သေနဲ့ပဲ။ ပြတ်တာ ၁လကျော်ပြီလေ ဘာလို့ပိုက်ဆံတွေ လာလာတောင်းနေလဲ ဖုန်းဘေလ်ကအစ သံယောဇဉ်ကြောင့် အဆင်မပြေမှန်းသိနေလို့ပေးခဲ့တာ ခုတော့ကျေးဇူးကန်းတာ”
“13 ရက်နေ့က ကိုယ့်ကိုဒီလောက် အရှက်ခွဲထားလည်း အော် သူအဆင်မပြေဘူး သံယောဇဉ်ရှိသေးလို့ ဖုန်းဘေလ် 3000 လောက်ထည့်ပေးပါလားကို 1000 ထည့်ပေးခဲ့တယ်။ သူ့ဘက်ကနွားတွေသိအောင်နော်။ အကြောင်းစုံမသိ ဟောင်နေကြလို့ ဖောက်ပြန်တယ် စွပ်စွဲ၊ ပြတ်ပြီပြောပြီး အရှက်မရှိ ဖုန်းဘေလ်ထည့်ခိုင်းလည်း ဒီနွားက သံယောဇဉ်နဲ့ထည့်ပေးခဲ့တာ အခုတော့ ကျေးဇူးကန်း” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
နေဒွေးကတော့ သူ့အနေနဲ့ Htang Ra နဲ့ပြတ်ပြီးတာတောင် သံယောဇဉ်လက်ကျန်ကြောင့် ငွေရေးးကြေးရေးနဲ့ပတ်သက်ပြီး လိုအပ်တာအကုန်ဖြည့်ဆည်းပေးခဲ့တယ်လို့ သက်သေနဲ့တကွပြောလာခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Nay Dway’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Nay Dway’s fb
error: Alert: Content is protected !!