သရုပ်ဆောင် မြတ်ရတနာကျော်ကတော့ ရှမ်းမလေးတစ်ယောက်ပီပီ ချစ်စရာလည်းကောင်း လှလည်းလှသူတစ်ယောက်ပါ။ မြတ်ရတနာကျော်က လက်ရှိမှာတော့ အနုပညာအလုပ်တွေကို မလုပ်ကိုင်ပဲ သူမတို့ဇနီးမောင်နှံရဲ့ Our Travel Diaries ပေ့ချ်လေးမှာသာ Vlog လေးတွေတင်ရင်း ပရိသတ်တွေနဲ့ ထိတွေ့နေဖြစ်တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မြတ်ရတနာကျော်ကိုသာမက သူမတို့တစ်မိသားစုလုံးရဲ့ လှုပ်ရှားမှုတွေကို ချစ်ခင်စွာအားပေးနေကြတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ မြတ်ရတနာကျော်က သူမရဲ့သားလေး ဂျေဒန်ကိုကျောင်းလိုက်ပို့တဲ့ ဓာတ်ပုံတွေကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မျှဝေပေးလာပါတယ်။ မြတ်ရတနာကျော်က သားလေးဂျေဒန်ကို “Hometown chachacha ကားလေး လွမ်းလို့ သားသားကို ဟုန်ဘန်ဂျမ်း လို ဝတ် ပေးထားတာ 💙🥰” ဆိုပြီး Hometown Cha Cha Cha ဇာတ်ကားထဲက မင်းသား Kim Seo Ho အတိုင်းဝတ်ဆင်ပေးထားတာကို တွေ့ရပါတယ်။
မြတ်ရတနာကျော်ကတော့ ခေတ်လူငယ်မိခင်တစ်ယောက်ပီပီ သားသမီးတွေရဲ့အဝတ်အစားဆင်ယင်မှုမှာ ချစ်စရာလည်းကောင်း လိုက်လည်းလိုက်ဖက်အောင် အမြဲတမ်းဆင်ပေးတတ်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟုန်ဘန်ဂျမ်းလို စမတ်ကျနေတဲ့ ဂျေဒန်လေးရဲ့ပုံရိပ်လေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: Myat Yadanar Kyaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Hometown Cha Cha Cha ကားကိုႀကိဳက္လို႔ မင္းသားရဲ႕ဝတ္ပုံစားပုံအတိုင္း သားေလးကို ဆင္ေပးထားတဲ့ ျမတ္ရတနာေက်ာ္
သ႐ုပ္ေဆာင္ ျမတ္ရတနာေက်ာ္ကေတာ့ ရွမ္းမေလးတစ္ေယာက္ပီပီ ခ်စ္စရာလည္းေကာင္း လွလည္းလွသူတစ္ေယာက္ပါ။ ျမတ္ရတနာေက်ာ္က လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြကို မလုပ္ကိုင္ပဲ သူမတို႔ဇနီးေမာင္ႏွံရဲ႕ Our Travel Diaries ေပ့ခ်္ေလးမွာသာ Vlog ေလးေတြတင္ရင္း ပရိသတ္ေတြနဲ႔ ထိေတြ႕ေနျဖစ္တာပဲျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ျမတ္ရတနာေက်ာ္ကိုသာမက သူမတို႔တစ္မိသားစုလုံးရဲ႕ လႈပ္ရွားမႈေတြကို ခ်စ္ခင္စြာအားေပးေနၾကတာပဲျဖစ္ပါတယ္။
ဒီကေန႔မွာေတာ့ ျမတ္ရတနာေက်ာ္က သူမရဲ႕သားေလး ေဂ်ဒန္ကိုေက်ာင္းလိုက္ပို႔တဲ့ ဓာတ္ပုံေတြကို သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေနတဆင့္ မွ်ေဝေပးလာပါတယ္။ ျမတ္ရတနာေက်ာ္က သားေလးေဂ်ဒန္ကို “Hometown chachacha ကားေလး လြမ္းလို႔ သားသားကို ဟုန္ဘန္ဂ်မ္း လို ဝတ္ ေပးထားတာ 💙🥰” ဆိုၿပီး Hometown Cha Cha Cha ဇာတ္ကားထဲက မင္းသား Kim Seo Ho အတိုင္းဝတ္ဆင္ေပးထားတာကို ေတြ႕ရပါတယ္။
ျမတ္ရတနာေက်ာ္ကေတာ့ ေခတ္လူငယ္မိခင္တစ္ေယာက္ပီပီ သားသမီးေတြရဲ႕အဝတ္အစားဆင္ယင္မႈမွာ ခ်စ္စရာလည္းေကာင္း လိုက္လည္းလိုက္ဖက္ေအာင္ အၿမဲတမ္းဆင္ေပးတတ္တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဟုန္ဘန္ဂ်မ္းလို စမတ္က်ေနတဲ့ ေဂ်ဒန္ေလးရဲ႕ပုံရိပ္ေလးကိုၾကည့္ၿပီး သေဘာက်ေနၾကမယ္ထင္ပါတယ္ေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Yolo
Source: Myat Yadanar Kyaw’s fb