MRTV 4 ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင် ဘုန်းရှိန်ခန့်ကို ပရိသတ်တွေအတွက် အထွေအတူးမိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူး။ ဘုန်းရှိန်ခန့်ဟာ The Sign Of Love ဇာတ်လမ်းတွဲကလည်းက စတင်ခဲ့တဲ့ သူ့ရဲ့အနုပညာခြေလှမ်းတွေဟာ ဒီကနေ့မှာဆိုရင် (၁၀) နှစ်တိတိရှိခဲ့ပြီဆိုတဲ့အကြောင်းကို အခုလိုမျိုးပဲပြောလာခဲ့ပါတယ်။
ဘုန်းရှိန်ခန့်က “ကျွန်တော်ရဲ့ ဒုတိယ မိသားစုဖြစ်တဲ့ Forever Group က မြေတောင်မြှောက်ပေးခဲ့တာ ခုဆို ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီးဖြစ်ပါတယ်။ကျွန်တော်ရဲ့ ဘဝလို့ခံယူထားတဲ့ အနုပညာလုပ်ငန်းအဖြစ် ဇာတ်လမ်းတွဲများစွာ ကို ကျရာဇာတ်ရုပ်ကနေ အကောင်းဆုံး သရုပ်ဆောင်ခွင့်ရခဲ့သလို ချစ်ပရိတ်သတ်များအားပေးမှုတွေကြောင့် ခုချိန်ထိ ခွန်အားဖြစ်ခဲ့ရပါတယ်။ဆယ်စုနှစ်ကျော် ကာလအတွင်း လက်တွဲခေါ်ယူမြေတောင်မြှောက်ပေးခဲ့သော Forever Group CEO ဆရာဦးဝင်းမော် နှင့် အန်တီလေး၊FG မှ BOD အဖွဲ့ဝင်များ၊FG Talent Center မှ မမေသူစိုး၊FG မှ ထုတ်လုပ်ရေးများ၊FG မှ ဒါရိုက်တာများ၊FG မှ ဌာနဆိုင်ရာအသီးသီး မှတာဝန်ရှိ လူပုဂ္ဂိုလ်အသီးသီးတို့ကိုလည်း ရိုသေစွာ ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ဆက်လက်ပြီး အနုပညာ အခွင့်ရေးများစွာအတွက် ဆက်လက်ပြီး အကောင်းဆုံးကြိုးစားသွားပါမယ်ဗျ။အတွေ့ကြုံ တစ်ခုပြီးတိုင်း ရရှိခဲ့တာ သင်ခန်းစာပါ။အကောင်းတွေရှိသလို၊အဆိုးတွေလည်းရှိပါတယ်။အကောင်းဆုံးတွေပဲ ရှာပြီးရပ်တည်ခဲ့ရပါတယ်။” ဆိုပြီး ပြောလာခဲ့ပါတယ်။
ဘုန်းရှိန်ခန့်က သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ပြင်ပ ရိုက်ကူးရေးမပါပဲ ဇာတ်လမ်းတွဲပေါင်း (၁၂) ကားတိတိမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ဦးဖီးကြမ်းတို့ဆိုင်ကလေး” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: Phone Shein Khant ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Forever Group က ေျမေတာင္ေျမႇာက္ေပးမႈေၾကာင့္ သ႐ုပ္ေဆာင္ေလာကထဲဝင္ေရာက္လာခဲ့တာ (၁၀) ႏွစ္တိတိရွိခဲ့ၿပီဆိုတဲ့ ဘုန္းရွိန္ခန႔္
MRTV 4 ႐ုပ္သံလိုင္းရဲ႕ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္တဲ့ သ႐ုပ္ေဆာင္ ဘုန္းရွိန္ခန႔္ကို ပရိသတ္ေတြအတြက္ အေထြအတူးမိတ္ဆက္ေပးဖို႔လိုမယ္မထင္ပါဘူး။ ဘုန္းရွိန္ခန႔္ဟာ The Sign Of Love ဇာတ္လမ္းတြဲကလည္းက စတင္ခဲ့တဲ့ သူ႔ရဲ႕အႏုပညာေျခလွမ္းေတြဟာ ဒီကေန႔မွာဆိုရင္ (၁၀) ႏွစ္တိတိရွိခဲ့ၿပီဆိုတဲ့အေၾကာင္းကို အခုလိုမ်ိဳးပဲေျပာလာခဲ့ပါတယ္။
ဘုန္းရွိန္ခန႔္က “ကြၽန္ေတာ္ရဲ႕ ဒုတိယ မိသားစုျဖစ္တဲ့ Forever Group က ေျမေတာင္ေျမႇာက္ေပးခဲ့တာ ခုဆို ဆယ္စုႏွစ္တစ္ခုေက်ာ္ခဲ့ၿပီးျဖစ္ပါတယ္။ကြၽန္ေတာ္ရဲ႕ ဘဝလို႔ခံယူထားတဲ့ အႏုပညာလုပ္ငန္းအျဖစ္ ဇာတ္လမ္းတြဲမ်ားစြာ ကို က်ရာဇာတ္႐ုပ္ကေန အေကာင္းဆုံး သ႐ုပ္ေဆာင္ခြင့္ရခဲ့သလို ခ်စ္ပရိတ္သတ္မ်ားအားေပးမႈေတြေၾကာင့္ ခုခ်ိန္ထိ ခြန္အားျဖစ္ခဲ့ရပါတယ္။ဆယ္စုႏွစ္ေက်ာ္ ကာလအတြင္း လက္တြဲေခၚယူေျမေတာင္ေျမႇာက္ေပးခဲ့ေသာ Forever Group CEO ဆရာဦးဝင္းေမာ္ ႏွင့္ အန္တီေလး၊FG မွ BOD အဖြဲ႕ဝင္မ်ား၊FG Talent Center မွ မေမသူစိုး၊FG မွ ထုတ္လုပ္ေရးမ်ား၊FG မွ ဒါ႐ိုက္တာမ်ား၊FG မွ ဌာနဆိုင္ရာအသီးသီး မွတာဝန္ရွိ လူပုဂၢိဳလ္အသီးသီးတို႔ကိုလည္း ႐ိုေသစြာ ေက်းဇူးအထူးတင္ရွိပါတယ္ဗ်။ဆက္လက္ၿပီး အႏုပညာ အခြင့္ေရးမ်ားစြာအတြက္ ဆက္လက္ၿပီး အေကာင္းဆုံးႀကိဳးစားသြားပါမယ္ဗ်။အေတြ႕ႀကဳံ တစ္ခုၿပီးတိုင္း ရရွိခဲ့တာ သင္ခန္းစာပါ။အေကာင္းေတြရွိသလို၊အဆိုးေတြလည္းရွိပါတယ္။အေကာင္းဆုံးေတြပဲ ရွာၿပီးရပ္တည္ခဲ့ရပါတယ္။” ဆိုၿပီး ေျပာလာခဲ့ပါတယ္။
ဘုန္းရွိန္ခန႔္က သူ႔ရဲ႕ အႏုပညာသက္တမ္းတစ္ေလွ်ာက္ ျပင္ပ ႐ိုက္ကူးေရးမပါပဲ ဇာတ္လမ္းတြဲေပါင္း (၁၂) ကားတိတိမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး လက္ရွိထုတ္လႊင့္ျပသေနတဲ့ “ဦးဖီးၾကမ္းတို႔ဆိုင္ကေလး” ဇာတ္လမ္းတြဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားတာပဲျဖစ္ပါတယ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Yolo
Source: Phone Shein Khant ‘s fb