Cover Song တွေကြောင့် ဝေဖန်ခံနေရတဲ့အပေါ် သီချင်းတွေအားလုံးဟာ တေးရေးတွေကို ခွင့်ပြုချက်တောင်းပြီးသားလို့ဖြေရှင်းလာတဲ့ နီနီခင်ဇော်

အဆိုတော် နီနီခင်ဇော်ကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် နိုင်ငံကျော်အဆိုတော်ဖြစ်လာတာပဲဖြစ်ပါတယ်။ နီနီခင်ဇော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Rhythm of The Ocean programme ဆိုပြီး တစ်ခေတ်တစ်ခါက နာမည်ကြီးပြီးသား သီချင်းတွေကို Cover Song သီဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ အဆိုတော် စိုင်းထီစိုင်ရဲ့ သမီးဖြစ်သူဟာ ဖခင်ရဲ့တေးသီချင်းမူပိုင်ခွင့်နဲ့ ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်ခဲ့ပြီး နီနီခင်ဇော်ဟာလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရတာကြောင့် အခုလိုပဲ ဖြေရှင်းလာခဲ့ပါတယ်။

နီနီခင်ဇော်က “Rhythm of The Ocean programme တွင် တင်ဆက်သီဆိုခဲ့သော တေးသီချင်းများအားလုံးသည် ဖန်တီးရေးသားခဲ့သော တေးရေးဆရာများဖြစ်ကြသည့် အချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ -ဆရာစိုင်းခမ်းလိတ်၊ သီချင်းလေးအတိုင်း – ကိုထူး၊ မေတ္တာရေလှိုင်း – J ရောင်ထုန်၊ ရွှေပင်လယ် – ဆရာမင်းချစ်သူ၊ မျက်ဝန်းထဲမှာအဖြေရှာ – ဆရာဒီနေ့ပုဏ္ဏက၊ ရှင်ဘုရင်လေး – ဆရာ ညီညီသွင်၊ ဒုတိယ – ဆရာရွှေဂျော်ဂျော်၊ လမင်းချစ်သူ – ဆရာနောင်နောင်(S.F)၊ ဖြေးဖြေးလေးနဲ့ငြိမ့်ငြိမ့်လေး -ဂီတစာဆို ကိုလေးလွင် အစရှိသည့်တေးရေးဆရာများနှင့်ကိုယ်စား မိသားစုဝင်များ အားလုံးထံမှ အနုပညာကြေးထမ်းဆောင်ထားပီး တေးရေးခွင့်ပြုချက်များ ရရှိပီး မှ ပြန်လည် သီဆို ရိုက်ကူးခဲ့ပါသည်။”

“Cover Songs များရဲ့ Standard Format အရ Music Arrangement တွေကိုစနစ်တကျဖန်တီးခဲ့ပြီး မူရင်းသီဆိုခဲ့သူများကိုလည်း တလေးတစားဖော်ပြခွင့်ရခဲ့ပါသည်။ (Youtube Revenue များကိုလည်း Reddy Global Music မှ မူပိုင်ခွင့်တည်သော တေးရေးများရဲ့ သဘောတူညီထားသော အချိုးအစားအတိုင်း တသက်တာ ခွဲဝေပေးပီး စီမံခန့်ခွဲခွင့် ဆောင်ရွက်ပေးလျက် ရှိပါတယ်) အားပေးကြည့်ရှုခဲ့သူများ အားလုံး ကျေးဇူးတင်ပါတယ်။” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်။

နီနီခင်ဇော်ကတော့ သူမသီဆိုခဲ့တဲ့ သီချင်းတွေ အားလုံးဟာ သက်ဆိုင်ရာ တေးရေးတွေကို ခွင့်ပြုချက်တောင်းပြီးသားဖြစ်ပြီး မူရင်းသီဆိုခဲ့သူတွေအားလုံးကိုလည်း သဘောတူညီထားတဲ့ အချိုးအစားအတိုင်း ခွဲဝေပေးမှာဖြစ်တယ်လို့ ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ni Ni Khin Zaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

Cover Song ေတြေၾကာင့္ ေဝဖန္ခံေနရတဲ့အေပၚ သီခ်င္းေတြအားလုံးဟာ ေတးေရးေတြကို ခြင့္ျပဳခ်က္ေတာင္းၿပီးသားလို႔ေျဖရွင္းလာတဲ့ နီနီခင္ေဇာ္

အဆိုေတာ္ နီနီခင္ေဇာ္ကေတာ့ Melody World သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ ႏိုင္ငံေက်ာ္အဆိုေတာ္ျဖစ္လာတာပဲျဖစ္ပါတယ္။ နီနီခင္ေဇာ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက Rhythm of The Ocean programme ဆိုၿပီး တစ္ေခတ္တစ္ခါက နာမည္ႀကီးၿပီးသား သီခ်င္းေတြကို Cover Song သီဆိုခဲ့တာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီကေန႔မွာေတာ့ အဆိုေတာ္ စိုင္းထီစိုင္ရဲ႕ သမီးျဖစ္သူဟာ ဖခင္ရဲ႕ေတးသီခ်င္းမူပိုင္ခြင့္နဲ႔ ပတ္သက္ၿပီး သတိေပးခ်က္ထုတ္ျပန္ခဲ့ၿပီး နီနီခင္ေဇာ္ဟာလည္း ပရိသတ္ေတြရဲ႕ ေဝဖန္မႈကို ခံေနရတာေၾကာင့္ အခုလိုပဲ ေျဖရွင္းလာခဲ့ပါတယ္။

နီနီခင္ေဇာ္က “Rhythm of The Ocean programme တြင္ တင္ဆက္သီဆိုခဲ့ေသာ ေတးသီခ်င္းမ်ားအားလုံးသည္ ဖန္တီးေရးသားခဲ့ေသာ ေတးေရးဆရာမ်ားျဖစ္ၾကသည့္ အခ်စ္ဆိုတာလွ်ိဳ႕ဝွက္ခ်က္တစ္ခုပါ -ဆရာစိုင္းခမ္းလိတ္၊ သီခ်င္းေလးအတိုင္း – ကိုထူး၊ ေမတၱာေရလႈိင္း – J ေရာင္ထုန္၊ ေ႐ႊပင္လယ္ – ဆရာမင္းခ်စ္သူ၊ မ်က္ဝန္းထဲမွာအေျဖရွာ – ဆရာဒီေန႔ပုဏၰက၊ ရွင္ဘုရင္ေလး – ဆရာ ညီညီသြင္၊ ဒုတိယ – ဆရာေ႐ႊေဂ်ာ္ေဂ်ာ္၊ လမင္းခ်စ္သူ – ဆရာေနာင္ေနာင္(S.F)၊ ေျဖးေျဖးေလးနဲ႔ၿငိမ့္ၿငိမ့္ေလး -ဂီတစာဆို ကိုေလးလြင္ အစရွိသည့္ေတးေရးဆရာမ်ားႏွင့္ကိုယ္စား မိသားစုဝင္မ်ား အားလုံးထံမွ အႏုပညာေၾကးထမ္းေဆာင္ထားပီး ေတးေရးခြင့္ျပဳခ်က္မ်ား ရရွိပီး မွ ျပန္လည္ သီဆို ႐ိုက္ကူးခဲ့ပါသည္။”

“Cover Songs မ်ားရဲ႕ Standard Format အရ Music Arrangement ေတြကိုစနစ္တက်ဖန္တီးခဲ့ၿပီး မူရင္းသီဆိုခဲ့သူမ်ားကိုလည္း တေလးတစားေဖာ္ျပခြင့္ရခဲ့ပါသည္။ (Youtube Revenue မ်ားကိုလည္း Reddy Global Music မွ မူပိုင္ခြင့္တည္ေသာ ေတးေရးမ်ားရဲ႕ သေဘာတူညီထားေသာ အခ်ိဳးအစားအတိုင္း တသက္တာ ခြဲေဝေပးပီး စီမံခန႔္ခြဲခြင့္ ေဆာင္႐ြက္ေပးလ်က္ ရွိပါတယ္) အားေပးၾကည့္ရႈခဲ့သူမ်ား အားလုံး ေက်းဇူးတင္ပါတယ္။” ဆိုျပီး ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ ေျဖရွင္းလာခဲ့တာပဲျဖစ္ပါတယ္။

နီနီခင္ေဇာ္ကေတာ့ သူမသီဆိုခဲ့တဲ့ သီခ်င္းေတြ အားလံုးဟာ သက္ဆိုင္ရာ ေတးေရးေတြကို ခြင့္ျပဳခ်က္ေတာင္းျပီးသားျဖစ္ျပီး မူရင္းသီဆိုခဲ့သူေတြအားလံုးကိုလည္း သေဘာတူညီထားတဲ့ အခ်ိဳးအစားအတိုင္း ခြဲေဝေပးမွာျဖစ္တယ္လို့ ေျဖရွင္းလာခဲ့တာပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Ni Ni Khin Zawာ’s fb

error: Alert: Content is protected !!