CDM သမားများကိုထောက်ပံ့မှုဖြင့်အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတဲ့ မြန်မာသံတေးသံရှင် ပိုင်သက်ကျော်
မသန်စွမ်းတစ်ယောက်ဆိုပေမယ့် ပင်ကိုယ်ပါရမီရှိပြီး သီချင်းဆိုကောင်းတဲ့ မြန်မာသံတေးသံရှင် ပိုင်သက်ကျော်ကို ပရိသတ်ကြီးသိပြီးသားနေမှာပါ။ သီချင်းဆိုကောင်းသလို ကိုယ်ကျင့်တရားလည်းကောင်းမွန်တဲ့ ပိုင်သက်ကျော်ဟာ လက်ရှိစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း တရားသောဓမ္မဘက်ကနေ ရပ်တည်ခဲ့တာကြောင့် စကစရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပိုင်သက်ကျော်ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းစရာသတင်းတစ်ခုက ပေါ်ထွက်လာခဲ့ပြန်ပါပြီ။
ပိုင်သက်ကျော်က CDM သမားများကိုထောက်ပံ့မှုဖြင့် အင်းစိန်ထောင်အထူး တရားရုံးက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ( ၅၀ )ည ဖြင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ ပိုင်သက်ကျော်အတွက် မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဌ ဦးလွင်မြင့်ကအဆိုတော်ပိုင်သက်ကျော်အမှုနဲ့ပတ်သက်ပြီး ပိုင်သက်ကျော်ရဲ့မိခင်နဲ့အတူ ပြစ်ဒဏ်မကျမီကတည်းက အသနားခံစာတင်ပြထားပြီးဖြစ်ကြောင်း၊ ဂီတသမားများဖြစ်သည့်အတွက် ကူညီရန်အမြဲအဆင်သင့်ရှိကြောင်းပြောပါတယ်။
ပိုင်သက်ကျော်နဲ့ ဘဝတူ မသန်စွမ်းများကလည်း သက်ညှာစွာစဉ်းစားပေးပါရန် တင်ပြသွားမယ်လို့ သိရပါတယ်။ ပရိသတ်ကြီးလည်း ပိုင်သက်ကျော်တစ်ယောက် အမြန်ဆုံးလွတ်မြောက်စေဖို့ ဝိုင်းဝန်းပြီး ဆုတောင်းပေးကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: DVB’s fb