Ah Boy ရဲ့ သမီးလေး ဖောင်းဖောင်းအတွက် ရင်ထဲကမေတ္တာစစ်တွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မြတ်ရတနာကျော်

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို မော်ဒယ်လ်တစ်ယောက်လည်းဖြစ်တဲ့ မြတ်ရတနာကျော်ကတော့ လွှမ်းပိုင်ရဲ့ သီချင်း MV တစ်ပုဒ်ကနေ နာမည်ကြီးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အောင်မြင်နေဆဲအချိန်မှာပဲ အဆိုတော် Ah Boy နဲ့ အိမ်ထောင်ကျခဲ့တဲ့ မြတ်ရတနာကျော်ဟာ အခုဆိုရင် သမီးလေး စကားလတ်ဖြိုးထွန်းနဲ့ သားငယ် ဂျေဒန်ဖြိုးထွန်းတို့ကို ရရှိပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ အနေအေးသလို စိတ်ထားလေးလည်းကောင်းတဲ့ မြတ်ရတနာကျော်ဟာ အနုပညာအသိုင်းအဝိုင်းမှာသာမကပဲ ပရိသတ်တွေကြားမှာလည်း ကောင်းသတင်းနဲ့ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၆) ရက်နေ့ကတော့ Ah Boy ရဲ့ ပထမအိမ်ထောင်ကရတဲ့ သမီးငယ် ဖောင်းဖောင်းရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မြတ်ရတနာကျော်က ဖောင်ဖောင်းလေးအတွက် “Happy Blessed Birthday Phaung yay 🎂💛 ဘုရားသာ၍ဘိသိတ်ပြီး ဘုရားမျက်နှာသာပေးခြင်းအစဉ်ရှိသောသူဖြစ်ပါစေ 🙏🏻💛” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

မြတ်ရတနာကျော်ကတော့ Ah Boy ရဲ့သမီးတွေအပေါ် သူမရဲ့ညီမလေးလို သမီးလေးလို သဘောထားချစ်ခင်သူဖြစ်ပြီး Ah Boy ရဲ့သမီးလေးတွေကလည်း မြတ်ရတနာကျော်ကို မိထွေးဆိုပေမယ့် အရမ်းတွယ်တာကြတာပဲဖြစ်ပါတယ်။ မေတ္တာတွေနဲ့ လွှမ်းခြုံနေတဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့မိသားစုလေးကတော့ တကယ့်ကိုမြင်သူရင်ကို အေးချမ်းစေတာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Myat Yadanar Kyaw’s fb

error: Alert: Content is protected !!