(၇) ရက်သားသမီးများကိုယ်စား တရားစခန်းဝင်ပြီး ကောင်းမှုကုသိုလ်တွေပြုပေးခဲ့တယ်ဆိုတဲ့ သွန်းဆက်
ဖြူဖြူဥဥလေးနဲ့ တရုတ်မင်းသမီးလေးလို ချစ်စရာကောင်းတဲ့ သွန်းဆက်ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ရင်း ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ သွန်းဆက်ရဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်တဲ့ ပုံစံလေးကိုလည်း ပရိသတ်တွေက သဘောကျနှစ်ခြိုက်ကြတာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ သွန်းဆက်ဟာ အနုပညာလှုပ်ရှားမှုတွေနည်းပါးလျက်ရှိပြီး ဇာတ်ကားတွေမရိုက်ကူးဖြစ်သေးတာကို တွေ့ရပါတယ်။
အနုပညာလှုပ်ရှားမှုတွေနည်းပါးတုန်း ဘာသာရေးနဲ့ ကုသိုလ်ရေးကို ပိုမိုအားစိုက်ဖြစ်နေတဲ့ သွန်းဆက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တရားစခန်းဝင်ခဲ့သေးပါတယ်။ သွန်းဆက်က သူမပြုခဲ့သမျှ ကုသိုလ်အစုစုကို “သွန်းဆက် တရားစခန်း ဝင်ခဲ့ပီး( ၇ ရက်သားသမီး ) များအားလုံး အတွက် ကုသိုလ် အလှူဒါန များ ပြုလုပ်ခဲ့ပါတယ်ရှင့် 🙏🏻 သွန်းဆက် ပြုလုပ်ခဲ့တဲ့ များစွာသော ကုသိုလ် ကောင်းမှု အစုစုတို့ကို ထပ်တူရအောင် ကုသိုလ်အမျှ ပေးဝေပါတယ်ရှင့် 🙏🏻 ကုသိုလ် အမျှ ရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင့် 🙏🏻🙏🏻🙏🏻 ” ဆိုပြီး မျှဝေပေးလာခဲ့ပါတယ်။
သွန်းဆက်ကတော့ တရားစခန်းဝင်ရင်း သူမရဲ့စိတ်နှလုံးအေးချမ်းမှုကို ရှာဖွေခဲ့သလို ပြုခဲ့သမျှ ကုသိုလ်အစုစုကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် အမျှပေးဝေခဲ့တာပဲဖြစ်ပါတယ်။ သွန်းဆက်တစ်ယောက်လည်း ရှေ့ဆက်လျှောက်မယ့် အနုပညာအလုပ်တွေမှာ အောင်မြင်မှုရရှိပါစေလို့ ထပ်မံပြီး ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thun Sett ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
(၇) ရက္သားသမီးမ်ားကိုယ္စား တရားစခန္းဝင္ၿပီး ေကာင္းမႈကုသိုလ္ေတြျပဳေပးခဲ့တယ္ဆိုတဲ့ သြန္းဆက္
ျဖဴျဖဴဥဥေလးနဲ႔ တ႐ုတ္မင္းသမီးေလးလို ခ်စ္စရာေကာင္းတဲ့ သြန္းဆက္ဟာ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြ ႐ိုက္ကူးခဲ့ရင္း ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားသူ ျဖစ္ပါတယ္။ သြန္းဆက္ရဲ႕ ပြင့္ပြင့္လင္းလင္း ေျပာဆိုေနထိုင္တတ္တဲ့ ပုံစံေလးကိုလည္း ပရိသတ္ေတြက သေဘာက်ႏွစ္ၿခိဳက္ၾကတာကို ေတြ႕ရပါတယ္။ လတ္တေလာမွာေတာ့ သြန္းဆက္ဟာ အႏုပညာလႈပ္ရွားမႈေတြနည္းပါးလ်က္ရွိၿပီး ဇာတ္ကားေတြမ႐ိုက္ကူးျဖစ္ေသးတာကို ေတြ႕ရပါတယ္။
အႏုပညာလႈပ္ရွားမႈေတြနည္းပါးတုန္း ဘာသာေရးနဲ႔ ကုသိုလ္ေရးကို ပိုမိုအားစိုက္ျဖစ္ေနတဲ့ သြန္းဆက္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ တရားစခန္းဝင္ခဲ့ေသးပါတယ္။ သြန္းဆက္က သူမျပဳခဲ့သမွ် ကုသိုလ္အစုစုကို “သြန္းဆက္ တရားစခန္း ဝင္ခဲ့ပီး( ၇ ရက္သားသမီး ) မ်ားအားလုံး အတြက္ ကုသိုလ္ အလႉဒါန မ်ား ျပဳလုပ္ခဲ့ပါတယ္ရွင့္ 🙏🏻 သြန္းဆက္ ျပဳလုပ္ခဲ့တဲ့ မ်ားစြာေသာ ကုသိုလ္ ေကာင္းမႈ အစုစုတို႔ကို ထပ္တူရေအာင္ ကုသိုလ္အမွ် ေပးေဝပါတယ္ရွင့္ 🙏🏻 ကုသိုလ္ အမွ် ရၾက၍ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစရွင့္ 🙏🏻🙏🏻🙏🏻 ” ဆိုျပီး မွ်ေဝေပးလာခဲ့ပါတယ္။
သြန္းဆက္ကေတာ့ တရားစခန္းဝင္ရင္း သူမရဲ့စိတ္နွလံုးေအးခ်မ္းမႈကို ရွာေဖြခဲ့သလို ျပဳခဲ့သမွ် ကုသိုလ္အစုစုကိုလည္း ခ်စ္ရတဲ့ပရိသတ္ေတြအတြက္ အမွ်ေပးေဝခဲ့တာပဲျဖစ္ပါတယ္။ သြန္းဆက္တစ္ေယာက္လည္း ေရွ့ဆက္ေလွ်ာက္မယ့္ အနုပညာအလုပ္ေတြမွာ ေအာင္ျမင္မႈရရိွပါေစလို့ ထပ္မံျပီး ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Thun Sett ‘s fb