(၇၆) နှစ်ပြည့်သွားခဲ့တဲ့ ဖွားဖွားချိုပြုံးကို ချစ်စနိုးလေးချွဲနွဲ့ပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မြေးလေး ဝင်းခန့်မိုး

သရုပ်ဆောင်၊ အဆိုတော် အကယ်ဒမီချိုပြုံးကတော့ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတာပဲဖြစ်ပါတယ်။ ချိုပြုံးက လက်ရှိမှာတော့ အသက် (၇၀) ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး အနုပညာအလုပ်တွေကို အသက်အရွယ်ကြောင့် လျှော့ချပြီးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ချိုပြုံးဟာ သူမရဲ့ အနုပညာအမွေတွေကို သားသမီးတွေဆီ လက်ဆင့်မကမ်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ မြေးလေး ဝင်းခန့်မိုးဆီကိုတော့ အမွေပေးထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။     

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၇) ရက်နေ့ကတော့ ချိုပြုံးရဲ့ အသက် (၇၆) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ချိုပြုံးအတွက် သူမရဲ့ ချစ်စရာကောင်းတဲ့ မြေးချောလေးဖြစ်တဲ့ ဝင်းခန့်မိုးက “Happy 76th Birthday ချိုချို သက်ရှည်ကျန်းမာပြီး မုန့်ဖိုးများများပေးနိုင်ပါစေ ❤️” ဆိုပြီး ချွဲချွဲနွဲ့နွဲ့လေး မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဝင်းခန့်မိုးကတော့ ဖွားဖွားချိုပြုံးကို နွဲ့ဆိုးဆိုးတတ်တဲ့ မြေးလေးတစ်ယောက်ဖြစ်ပြီး ချိုပြုံးကလည်း သူမရဲ့မြေးလေးကို အရမ်းချစ်ရှာတာပဲ ဖြစ်ပါတယ်။ ဖွားဖွားကြီးချိုပြုံးလည်း အသက် (၇၆) နှစ်ပြည့်မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာတိုင် သက်ရှည်ကျန်းမာပြီး သားသမီးမြေးမြစ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Win Khant Moe’s fb

error: Alert: Content is protected !!