(၆) လကျော်အရွယ်မှာတင် အရမ်းချစ်စရာကောင်းလာပြီဖြစ်တဲ့ သမီးလေးဖောင်းဖောင်းရဲ့ ပုံရိပ်လေးကို ပရိသတ်တွေဆီ ပြသလာခဲ့တဲ့ သူထူးစံ

အကယ်ဒမီ သူထူးစံနဲ့ သရုပ်ဆောင် ထိုက်ဆုဝင်းတို့ကတော့ တူညီတဲ့ အနုပညာနယ်ပယ်ထဲမှာကျင်လည်ရင်း ဖူးစာဆုံလက်ထပ်ခဲ့ကြသူများဖြစ်ပါတယ်။ သူထူးစံနဲ့ ထိုက်ဆုဝင်းတို့က လက်ထပ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ဧပြီလ (၁) ရက်နေ့ကပဲ သူတို့ရဲ့ ပထမဦးဆုံးသမီးလေးကို ပိုင်ဆိုင်ထားခဲ့ပြီပဲဖြစ်ပါတယ်။ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ဟာ အနုပညာရှင်ဇနီးမောင်နှံဖြစ်ပေမယ့် အနေအထိုင်အေးဆေးပြီး သိုသိုသိပ်သိပ်နေတတ်ကြသူတွေဖြစ်ပါတယ်။

သူထူးစံနဲ့ ထိုက်စုဝင်းတို့ရဲ့ သမီးလေး ဖောင်းဖောင်းဟာ အခုဆိုရင် (၆) လကျော်လာခဲ့ပြီဖြစ်ပြီး တစ်နေ့တစ်ခြားချစ်စရာကောင်းလာပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သူထူးစံက သူ့ရဲ့ သမီးလေး ဖောင်းဖောင်းရဲ့ ဓာတ်ပုံကို “❤️ချစ်လို့❤️” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ခဲ့ရာ သမီးလေးက သူထူးစံနဲ့ရော ထိုက်စုဝင်းနဲ့ပါတူပြီးချစ်စရာကောင်းတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ဇနီးမောင်နှံကတော့ သမီးလေးမွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်နားထားပြီး သမီးလေးအနားမှာပဲ အချိန်ကုန်ဆုံးနေတာပဲဖြစ်ပါတယ်။ သူထူးစံတို့မိသားစုလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thu Htoo San’s fb

error: Alert: Content is protected !!