အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချော ထက်ထက်မိုးဦးကတော့ အနုပညာလောကမှာ နှစ်ပေါင်း (၃၀) ကျော်တိုင် ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို အပြည့်အဝ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေနဲ့ ဘယ်လောက်ပဲ အဆက် အသွယ်ပြတ်ပြီး ဘယ်အချိန်ပဲ ဝင်ရောက်လာလာ ပရိသတ်တွေရဲ့ အားပေးမှုကို မလျော့စတမ်းရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်ကလည်း သူမရဲ့ဘဝမှာ ဘယ်လောက်ပဲ စိတ်ဓာတ် ကျကျ ပရိ သတ်တွေပေးတဲ့ အင်အားနဲ့ ပြည်လည်ပြီး အလုပ်တွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

မနေ့က မေလ (၈) ရက်နေ့ကတော့ ထက်ထက်မိုးဦးရဲ့ အသက် (၅၁) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ထက်ထက်မိုးဦးက သူမရဲ့မွေးနေ့မှာ ပြုခဲ့တဲ့ကုသိုလ်လေးကို “မွေးနေ့အလှူလေးမှာ ၇ရက်သားသမီးအားလုံး ကုသိုလ်အတူရကြပါစေရှင်။အရင်က ထက်ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကျောင်းမှာပဲ မနှစ်ကလို ဒီနှစ်မှာလဲလှူဖြစ်ခဲ့တယ်🙏🙏🙏” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာပါတယ်။

ထက်ထက်မိုးဦးကတော့ အသက်တစ်နှစ်ကြီးလာတဲ့ မွေးနေ့မှာ ကုသိုလ်တွေပြုရင်းသာ အေးအေးချမ်းချမ်းဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထက်ထက်မိုးဦးရဲ့ ကုသိုလ်လေးကို ထပ်တူကုသိုလ်ရစေဖို့ သာဓုခေါ်ပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Htet Htet Moe Oo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

(၅၁) နှစ်ပြည့်မွေးနေ့ကို လှူဒါန်းနေကျ ဘုန်းကြီးကျောင်းမှာပဲ ကုသိုလ်ပြုရင်း အေးချမ်းစွာဖြတ်သန်းခဲ့တဲ့ ထက်ထက်မိုးဦး





Yolo

error: Alert: Content is protected !!