(၄၅)နှစ်ပြည့်မွေးနေ့နဲ့ တစ်ရက်တည်းကျခဲ့တဲ့ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁၇) နှစ်ပြည့်

တချိန်က မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ချစ်ခံရတဲ့ မင်းသားပိုင်ဇေရဲထွန်းကတော့ အောင်မြင်နေဆဲအချိန်မှာပဲ အိမ်ထောင်ပြုခဲ့ပြီး အခုဆိုရင် သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ အသက်အများကြီးငယ်တဲ့ ဇနီးသည်ကို ပိုင်ဆိုင်ထားပေမယ့် ခင်ပွန်းနဲ့ သားသမီးတွေအပေါ် တာဝန်ကျေပွန်တဲ့ ဇနီးအလိမ္မာလေးကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးတစ်တွဲပါပဲ။

ဒီကနေ့ မေလ (၂၅) ရက်နေ့ကတော့ ပိုင်ဇေရဲထွန်းရဲ့ (၄၅) နှစ်ပြည့်မွေးနေ့ဖြစ်သလို သူတို့ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် (၁၇) နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီး ဇင်သဲနိုင်က “Happy 45th Birthday Ko Ko❤️ ဒီထက်မကစိတ်ရောလူရောနုပျိုနိုင်ပါစေ😜စိတ်ထဲကတောင့်တသမျှတွေ အမြန်ဆုံးပြည့်ပါစေ❤️ မွေးနေ့နဲ့တစ်ရက်ထဲကျခဲ့တဲ့ Anniversaryမို့အိမ်ထောင်သက်လည်း(၁၇)နှစ်ပြည့်ခဲ့ပြီ…မွေးနေ့ကိုတူတူဖြတ်သန်းလာတာလည်း၁၇နှစ်ရှိခဲ့ပြီ❤️ မနေ့တနေ့ကလိုပဲချစ်ပါတယ်ယောင်္ကျားရေ❤️” ဆိုပြီး ဆုတောင်းပေးလာခဲ့ပါတယ်။

ပိုင်ဇေရဲထွန်းကတော့ (၄၅) နှစ်ဆိုတဲ့အရွယ်ကို ရောက်လာခဲ့ပေမယ့် အရင်အတိုင်း နုပျိုပြီး ကြည့်ကောင်းနေဆဲပဲနော်။ ပရိသတ်ကြီးလည်း ပိုင်ဇေရဲထွန်းအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Zin Thae Naing ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!