(၃၈) နှစ်ပြည့်မွေးနေ့မှာ အလိုချင်ဆုံးတောင်းဆုကို အားလုံးသိအောင်ဖွင့်ဟပြောပြလာတဲ့ မအေးသောင်း

သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ ပျော်ပျော်နေတတ်ပြီး အပူအပင်ကင်းကင်း ဘဝကိုဖြတ်သန်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်သလို ပရိသတ်တွေကိုလည်း အမြဲတမ်းပျော်ရွှင်မှုတွေ မျှဝေပေးလေ့ရှိတဲ့ မအေးသောင်းက ဒီကနေ့မေလ (၂၇) ရက်နေ့မှာတော့ အသက် (၃၈) နှစ်တိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။

မအေးသောင်းက သူမရဲ့မွေးနေ့မှာ “မွေးနေ့ဆုတောင်းပေးကြတဲ့ချစ်ရတဲ့သူတွေအကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ 🙏🙏🙏 အသက် ၃၈ နှစ်ပြည့်လာပြီ။ ဘဝမှာတန်ဖိုးရှိတာတွေရယူပိုင်ဆိုင်ခဲ့ဖူးသလို တန်ဖိုးထားရတာတွေလည်းဆုံးရှုံးဖူးတယ်။ အကောင်းတွေချည်းမမြဲနေသလို အဆိုးတွေချည်းပဲလည်းမကြုံခဲရပါဘူး။ တိုက်ခိုက်တာတွေခံခဲ့ရသလို ချီးမြှောက်ခံခဲ့ရတာလည်းဒုနဲ့ဒေးပါပဲ။ အကောင်း အဆိုးဒွန်တွဲနေတဲ့လောကကြီးမို့ရော လူဖြစ်နေရတဲ့အတွက်ပါ အသက်ရှင်နေသ၍ကြုံရအုံးမှာပါပဲ။ မွေးနေ့မှာတောင်းမိတဲ့ဆုကတော့ ကိုယ့်ကြောင့်သူများစိတ်မဆင်းရဲစေချင်တာရယ် ကြုံလာတဲ့သုခ ဒုက္ခတွေကို ကျော်ဖြတ်နိုင်တဲ့ခွန်အားပါပဲ🙏🙏🙏 ချစ်ရတဲ့သူတွေအားလုံးလဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းရရှိကြပါစေနော်🙏🙏🙏” ဆိုပြီး အမှတ်တရပြောလာပါတယ်။

မအေးသောင်းကတော့ သူမရဲ့ မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးကြသူတိုင်းကို ကျေးဇူးတင်စကားပြောပြီး သူမလိုချင်တဲ့တောင်းဆုဟာလည်း ရိုးရိုးရှင်းရှင်းလေးသာရှိကြောင်း ပြောလာတာပဲဖြစ်ပါတယ်။ မအေးသောင်းတစ်ယောက် တောင်းနဲ့ဆုတွေနဲ့ တစ်လုံးတစ်ဝကြီးပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Aye Thaung ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Aye Thaung ‘s fb

error: Alert: Content is protected !!