(၂၆) နှစ်ပြည့်မွေးနေ့မှာ ပိုင်ဆိုင်ထားတဲ့ လက်ဝတ်ရတနာတွေကို မဲစနစ်နဲ့ရောင်းချပြီး တော်လှန်ရေးရန်ပုံငွေရှာဖွေသွားမယ့် မြတ်နိုးအေး

ချစ်စရာကောင်းတဲ့ တက်သစ်စမင်းသမီးချောလေး မြတ်နိုးအေးကတော့ “ည”၊ “သူစိမ်းအိမ်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ နာမည်ကြီးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မြတ်နိုးအေးဟာ အောင်မြင်စပြုနေတဲ့အချိန်မှာပဲ စစ်အာဏာသိမ်းမှုဖြစ်ခဲ့တာကြောင့် မတရားမှုကိုတော်လှန်ဖို့ တောထဲမှာခိုလှုံရင်း ရန်ပုံငွေတွေရှာဖွေပေးနေတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ မြတ်နိုးအေးဟာ အနုပညာအလုပ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး နှစ်နှစ်တာအတွင်း တော်လှန်ရေးဇာတ်ကားတစ်ကားတည်းကိုသာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ (၁၅) ရက်နေ့ကတော့ မြတ်နိုးအေးရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ မြတ်နိုးအေးက သူမရဲ့မွေးနေ့မှာ တော်လှန်ရေးအတွက်ရန်ပုံငွေရှာဖွေမယ့် အစီအစဉ်လေးကို အခုလိုပဲပြောပြလာပါတယ်။ မြတ်နိုးအေးက “အသက် တစ်နှစ်ကြီးလာပြီ။ အိမ်နဲ့အဝေးကို ရွှေ့ရင်းပြောင်းရင်း၊ အိပ်မက်တွေနဲ့ အဝေးကို ပြေးရင်းလွှားရင်း၊ စိတ်ဓါတ်တွေ တက်လိုက်ကျလိုက် ဖြစ်ရင်းနဲ့ ဖြတ်သန်းရတဲ့ ဒုတိယမြောက်မွေးနေ့ပေါ့။ ဒါပေမယ့်လည်း ဘာတွေပဲ ဒုက္ခရောက်ရောက်ပါ။ အနောက်ကိုပြန်လှည့်ကြည့်လိုက်တိုင်း ကိုယ့်သမိုင်းမှာ နောင်တမရစေမယ့် ရပ်တည်ချက်နဲ့ ခံယူချက်တွေအတွက်တော့ လိပ်ပြာလုံလို့ ကျေနပ်ရပါတယ်😇 ရင်းခဲ့ရတဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ ဘဝတွေ အိပ်မက်တွေ ကတော့ ထားပါတော့လေ။ ကိုယ့်ထက်စွန့်လွှတ်ရတဲ့သူတွေကြားထဲမှာ ကိုယ့်ဆုံးရှုံးမှုတွေကို အသေးစိတ်ထိုင်ညည်းဖို့ မရဲဘူးလေ..”

“အသက်ကြီးလာလို့ ရင့်ကျက်သွားတာပဲလား.. ကြုံခဲ့ရတဲ့ အခြေအနေတွေကြောင့်ပဲလားတော့မသိဘူး.. ဒီနှစ်မွေးနေ့မှာ အရင်တုန်းကလို အထူးတလည် ရင်ခုန်ပြီးတော့ ကျင်းပချင်စိတ်လည်း မရှိနေဘူး။ အတ္တတွေနဲ့ နောင်ဘဝ ဘာဖြစ်ပါစေ ညာဖြစ်ပါစေတွေနဲ့ တစ်ကိုယ်ရည်အကျိုးမျှော်မှန်းပြီးလည်း မလှူတန်းချင်တော့ဘူး ။ တစ်ကိုယ်ရည်အကျိုးထက် ရင်းထားရတဲ့ ကိုယ့်ရဲ့တော်လှန်ရေး ရဲဘော်တွေ အားလုံး၊ ပြည်သူတွေအားလုံး လွတ်မြောက်နိုင်ဖို့ အကျိုးအတွက်ပဲ လှူချင်စိတ်ရှိတော့တယ်။ အဲ့ဒါကြောင့်ပဲ မြတ်နိုးရဲ့မွေးနေ့လေးမှာ အမှတ်တရအဖြစ် Project Dream💭 ဆိုပြီး Fundraising တစ်ခုလုပ်ဖြစ်သွားတာပါပဲ 🤍💍 Project Dream Campaign မှာ မြတ်နိုးရဲ့လက်စွပ်လေးကို ပထမဆု အနေနဲ့ ထည့်ပေးထားပြီးတော့ တခြား ဆုမဲ လေးခု (နားကပ်၊ ဆွဲကြိုး ၊ရေမွှေး နဲ့ လက်ကိုင်အိတ်) ပါဝင်ပါသေးတယ်။ အိပ်မက်တွေနဲ့ ဝေးကွာနေရတဲ့ သူတွေအတွက်… အိပ်မက်တွေ အကောင်အထည်ဖော်ဖို့… မြတ်နိုးရဲ့ Noels တွေ အားလုံး ဒီ Project Dream လေးမှာ ပါဝင်ပေးနိုင်ဖို့မျှော်လင့်ပါတယ် ❣️”ဆိုပြီး ပြောလာပါတယ်။

မြတ်နိုးအေးကတော့ သူမလိုပဲ အိပ်မက်တွေနဲ့ ဝေးကွာနေရတဲ့ သူတွေအတွက် အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ သူမရဲ့ လက်စွပ်၊ နားကပ်၊ ဆွဲကြိုး၊ ရေမွှေးနဲ့ လက်ကိုင်အိတ်တွေကို မဲစနစ်နဲ့ရောင်းချပြီး တော်လှန်ရေးရန်ပုံငွေရှာဖွေပေးမှာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Myat Noe Aye – မြတ်နိုးအေး’s fb

error: Alert: Content is protected !!