(၂၅) နှစ်ပြည့်မွေးနေ့မှာ ကွယ်လွန်သူအဘိုးအဘွားတွေကိုရည်စူးပြီး မိဘနှစ်ပါးနဲ့အတူတူ ဆွမ်းကပ်ကုသိုလ်ပြုခဲ့တဲ့ မင်းသန့်မောင်မောင်

နိုင်ငံကျော် ဒါရိုက်တာကြီး အကယ်ဒမီ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် အကယ်ဒမီ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ မင်းသန့်မောင်မောင်ကတော့ အဖေနဲ့ အမေရဲ့ အနုပညာသွေးတွေကို စီးဆင်းနေတယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ မင်းသန့်မောင်မောင်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက နိုင်ငံရပ်ခြားမှာ ပညာသင်ယူခဲ့ပြီး သူဝါသနာပါတဲ့ ရုပ်ရှင်ပညာကိုလည်း အမေရိကန်နိုင်ငံမှာ သွားရောက်သင်ယူထားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသန့်မောင်မောင်က မြန်မာနိုင်ငံမှာ အခြေချနေထိုင်နေပြီး ဒါရိုက်တာတစ်ယောက်အဖြစ် အလုပ်တွေကို စတင်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၃) ရက်နေ့ကတော့ မင်းသန့်မောင်မောင်ရဲ့ အသက် (၂၅) နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ မင်းသန့်မောင်မောင်က သူ့ရဲ့မွေးနေ့မှာ ကွယ်လွန်သွားခဲ့ပြီးတဲ့ အဘိုးအဘွားတွေကို ရည်စူးပြီး အောင်ဆန်းဆရာတော်ကြီးကို မိဘတွေနဲ့အတူတူ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

မင်းသန့်မောင်မောင်ကတော့ သူ့ရဲ့မွေးနေ့မှာ အပျော်အပါးမမက်ပဲ မိဘတွေနဲ့အတူတူ ကုသိုလ်တွေပြုခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး မင်းသန့်မောင်မောင်အတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Zin Yaw Mg Mg’s fb

error: Alert: Content is protected !!