(၂၀၂၂) ခုနှစ်ဟာ ကံဆိုးစရာ၊ စိတ်ညစ်စရာတွေနဲ့ပဲ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ရင်ဖွင့်လာတဲ့ ဥက္ကာမင်းမောင်
သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ အလှမောင်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလောကမှာ ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ LGBT ဖြစ်တည်မှုနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားခဲ့သလို သူ့ရဲ့နေ့စဉ်အကြောင်းအရာလေးတွေကိုလည်း ပရိသတ်တွေကို အမြဲတမ်းမျှဝေပေးနေလျက်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဥက္ကာမင်းမောင်ဟာ သူ့ရဲ့စိတ်ညစ်စရာတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာခဲ့တာကို တွေ့ရပါတယ်။
ဥက္ကာမင်းမောင်က “၂၀၂၂ ဟာ ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစုအတွက်ရော တော်တော် အခြေအနေဆိုးတဲ့နှစ်တနှစ်ပဲ… နှစ်စမှာ အသဲကွဲတယ်၊ အမေကင်ဆာဖြစ်လို့ ခွဲရစိတ်ရတယ်၊ ဒီမှာ အလုပ်အကိုင်အဆင်မပြေဘူး၊ မြန်မာပြည်က ဆိုင်မီးလောင်တယ်၊ လူ နှစ်ယောက် အသက်ဆုံးရတယ်၊အစာအိမ်ရောဂါပြန်ဖြစ်တယ်၊တခြား ပြင်ပလူတွေမသိသော စိတ်ညစ်စရာ အခက်အခဲပြသနာပေါင်းများစွာ၊ လူတွေကတော့ ပုံတွေရံဖန်ရံခါတင်တာကိုကြည့်ပြီး အမြဲ ၂၄နာရီ ၇ရက်လုံး ပျော်နေတယ်ပဲထင်တာလေ။ ကျွန်တော် စိတ်ညစ်စရာပူပင်သောကတွေအမြဲတင်မနေပါဘူး။ တင်ခဲပါတယ်။ ဘယ်အခြေအနေပဲရောက်ရောက် ပျော်အောင်ပဲ ကြိုးစားပြီးနေပါတယ်။ တခါတလေကျတော့လဲ အတွေးထဲမှာ ဘယ်အချိန်မှ ပြန်လာရမယ်ဆိုတာ မသိတော့တဲ့ ကိုယ်ချစ်သောမြန်မာပြည် ကိုယ်လုပ်ချင်တဲ့ ဝါသနာပါတဲ့ အနုပညာအလုပ်များနဲ့ဝေးရာ မြန်မာပြည်မှ ကိုယ်ချစ်သော မိသားစု သူငယ်ချင်း မိတ်ဆွေ ကျွန်တော့်ကိုချစ်သော ပရိတ်သတ်များနဲ့ ဘယ်သော အခါမှ ပြန်ဆုံမလဲ ဆိုတာတွေးရင် အဖြေဆိုတာ လောလောဆယ် မရှိသေးတဲ့ အခြေအနေတခု… တနေ့နေ့ ပေါ့လေ.. မျှော်လင့်ချက်ကလေးသဲ့သဲ့တော့ ရှိနေပါသေးတယ်..” ဆိုပြီး ပြောလာပါတယ်။
ဥက္ကာမင်းမောင်ကတော့ (၂၀၂၂) ခုနှစ်မှာ အချစ်ရေး၊ မိသားစုရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကံမကောင်းမှုတွေနဲ့ ကြုံဆုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဥက္ကာမင်းမောင်တစ်ယောက် ရှေ့လျှောက် က့ကောင်းအဆင်ပြေမှုတွေနဲ့သာ ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Okkar Min Maung’s fb