(၂၀၀၁) ခုနှစ်ကတည်းက လှူဒါန်းခဲ့တဲ့ ကျောင်းဆောင်ကို ပြန်လည်ပြုပြင်လှူဒါန်းသွားမယ်ဆိုတဲ့ ထက်ထက်မိုးဦး

နိုင်ငံကျော် အကယ်ဒမီများရှင် သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ ချစ်စရာကောင်းပြီး ပေါ့ပါးတဲ့ အသွင်အပြင်တွေကြောင့် ပရိသတ်တွေချစ်ကြရတဲ့ မင်းသမီးတစ်လက်ပါပဲ။ အခုဆိုရင် အသက်ငါးဆယ်ကျော်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ ထက်ထက်မိုးဦးဟာ သူမရဲ့အသက်အရွယ်အရ ကျန်းမာရေးချို့ယွင်းမှုတွေရှိလာခဲ့သလို သူမပိုက်ဆံရှာနိုင်နေတုန်းမှာ သူမလှူဒါန်းခဲ့ဖူးတဲ့ ကျောင်းဆောင်ကို ပြန်လည်လှူဒါန်းမွမ်းမံသွားမယ့်အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“အလုပ်လေး နားတဲ့ရက်မှာ ထက်လှူဒါန်းခဲ့တဲ့ ကျောင်းကို ပြုလည်ပြုပြင်ဖို့ နဲ့ ဆေးပြန်သုတ်ဖို့ ဆရာတော်ကို လျှောက်ထားခဲ့တယ်။ ကျောင်းဆောက်ခဲ့တဲ့ 2000 ခုနှစ်ဝန်းကျင်တုန်းကလည်း ချမ်းသာလို့ ပိုလျှံလို့ လှူခဲ့တာမျိုးမဟုတ်ပဲ အလုပ်လေးတွေရှာလိုက် ငွေစုလိုက်နဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ 2001 မှာ ရေစက်ချလှူဒါန်းခွင့်ရခဲ့တယ်။ အခုလည်း ငွေပိုလျှံတာမျိုးမဟုတ်ပေမယ့်လည်း ထက်ကျန်းမာရေးကောင်းနေတုန်း အလုပ်တွေလုပ်နေနိုင်တုန်း ကိုယ်လှူဒါန်းခဲ့တဲ့ကျောင်းကိုပဲ ခေတ်နဲ့အညီပြန်ပြုပြင်မယ် ဆေးတွေပြန်သုတ်မယ် ဆိုတဲ့ စိတ်နဲ့ပဲ လျှောက်ခဲ့တယ်။” ဆိုပြီး ပြောလာပါတယ်။

ထက်ထက်မိုးဦးကတော့ သူမကျန်းမာရေးကောင်းနေတုန်း အလုပ်တွေလုပ်နိုင်နေတုန်း သူမနာမည်နဲ့ လှူဒါန်းခဲ့ဖူးတဲ့ ကျောင်းဆောင်ကို ခေတ်နဲ့အညီ ပြန်လည်ပြုပြင်ပြီး ဆေးပြန်သုတ်မွမ်းမံသွားမယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ ထက်ထက်တစ်ယောက် အမြဲတမ်းနေကောင်းပြီး အလှူအတန်းတွေ ဆက်လက်ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Htet Htet Moe Oo ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

(၂၀၀၁) ခုႏွစ္ကတည္းက လႉဒါန္းခဲ့တဲ့ ေက်ာင္းေဆာင္ကို ျပန္လည္ျပဳျပင္လႉဒါန္းသြားမယ္ဆိုတဲ့ ထက္ထက္မိုးဦး

ႏိုင္ငံေက်ာ္ အကယ္ဒမီမ်ားရွင္ သ႐ုပ္ေဆာင္ ထက္ထက္မိုးဦးကေတာ့ ခ်စ္စရာေကာင္းၿပီး ေပါ့ပါးတဲ့ အသြင္အျပင္ေတြေၾကာင့္ ပရိသတ္ေတြခ်စ္ၾကရတဲ့ မင္းသမီးတစ္လက္ပါပဲ။ အခုဆိုရင္ အသက္ငါးဆယ္ေက်ာ္အ႐ြယ္ေရာက္ရွိေနၿပီျဖစ္တဲ့ ထက္ထက္မိုးဦးဟာ သူမရဲ႕အသက္အ႐ြယ္အရ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြရွိလာခဲ့သလို သူမပိုက္ဆံရွာႏိုင္ေနတုန္းမွာ သူမလႉဒါန္းခဲ့ဖူးတဲ့ ေက်ာင္းေဆာင္ကို ျပန္လည္လႉဒါန္းမြမ္းမံသြားမယ့္အေၾကာင္းကို အခုလိုပဲေျပာလာပါတယ္။

“အလုပ္ေလး နားတဲ့ရက္မွာ ထက္လႉဒါန္းခဲ့တဲ့ ေက်ာင္းကို ျပဳလည္ျပဳျပင္ဖို႔ နဲ႔ ေဆးျပန္သုတ္ဖို႔ ဆရာေတာ္ကို ေလွ်ာက္ထားခဲ့တယ္။ ေက်ာင္းေဆာက္ခဲ့တဲ့ 2000 ခုႏွစ္ဝန္းက်င္တုန္းကလည္း ခ်မ္းသာလို႔ ပိုလွ်ံလို႔ လႉခဲ့တာမ်ိဳးမဟုတ္ပဲ အလုပ္ေလးေတြရွာလိုက္ ေငြစုလိုက္နဲ႔ အခ်ိန္ကုန္လို႔ ကုန္မွန္းမသိ 2001 မွာ ေရစက္ခ်လႉဒါန္းခြင့္ရခဲ့တယ္။ အခုလည္း ေငြပိုလွ်ံတာမ်ိဳးမဟုတ္ေပမယ့္လည္း ထက္က်န္းမာေရးေကာင္းေနတုန္း အလုပ္ေတြလုပ္ေနႏိုင္တုန္း ကိုယ္လႉဒါန္းခဲ့တဲ့ေက်ာင္းကိုပဲ ေခတ္နဲ႔အညီျပန္ျပဳျပင္မယ္ ေဆးေတြျပန္သုတ္မယ္ ဆိုတဲ့ စိတ္နဲ႔ပဲ ေလွ်ာက္ခဲ့တယ္။” ဆိုျပီး ေျပာလာပါတယ္။

ထက္ထက္မိုးဦးကေတာ့ သူမက်န္းမာေရးေကာင္းေနတုန္း အလုပ္ေတြလုပ္နိုင္ေနတုန္း သူမနာမည္နဲ့ လွဴဒါန္းခဲ့ဖူးတဲ့ ေက်ာင္းေဆာင္ကို ေခတ္နဲ့အညီ ျပန္လည္ျပဳျပင္ျပီး ေဆးျပန္သုတ္မြမ္းမံသြားမယ္လို့ ေျပာလာတာပဲျဖစ္ပါတယ္။ ထက္ထက္တစ္ေယာက္ အျမဲတမ္းေနေကာင္းျပီး အလွဴအတန္းေတြ ဆက္လက္ျပဳလုပ္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Htet Htet Moe Oo ‘s fb

error: Alert: Content is protected !!