(၁၈)နှစ်ပြည့်သွားတဲ့ တစ်ဦးတည်းသောညီမလေးကို ငယ်ငယ်ကဓာတ်ပုံလေးတွေနဲ့ဆေးထိုးစနောက်ရင်း မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဘုန်းမင်းနေလ

သရုပ်ဆောင် အကယ်ဒမီ ခင်ဇာခြည်ကျော်ရဲ့ သားနဲ့သမီးဖြစ်နဲ့ ဘုန်းမင်းနေလနဲ့ ထင်သစ္စာတို့ကတော့ မိခင်ရဲ့အနုပညာအမွေတွေကို လက်ဆင့်ကမ်းရရှိထားတာပဲဖြစ်ပါတယ်။ ဘုန်းမင်းနေလကလည်း သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေကို ရိုက်ကူးနေသလို ထင်သစ္စာလေးကလည်း မေမေရဲ့အကူအညီနဲ့ အနုပညာလောကထဲရပ်တည်ဖို့ ကြိုးစားနေသူတစ်ယောက်ပဲဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ (၂၅) ရက်နေ့ကတော့ ထင်သစ္စာလေးရဲ့ အသက် (၂၅) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ထင်သစ္စာလေးအတွက် ကိုကြီးဘုန်းမင်းနေလက “Happy ✨Sweet 18 my little sister 😛❤️” လို့ မွေးနေ့ဆုတောင်းပေးခဲ့ပြီး ညီမလေးထင်သစ္စာရဲ့ ငယ်ငယ်ကဓာတ်ပုံတွေနဲ့ ဆေးထိုးစနောက်ခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ဘုန်းမင်းနေလနဲ့ ထင်သစ္စာကတော့ မောင်နှမတွေပီပီ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ရှိကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ငယ်ငယ်ကတည်းက ချစ်စရာကောင်းကြတဲ့ ဘုန်းမင်းနေလနဲ့ ထင်သစ္စာတို့မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ကျေနပ်ကြမယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Phonemin Nay La ‘s fb

error: Alert: Content is protected !!