ဦးလေးဖြစ်တဲ့ ရေမွန်နဲ့ တဖြည်းဖြည်းချင်းတူလာပြီဖြစ်တဲ့ သားလေးပိုးပိုးအကြောင်း ပြောပြလာခဲ့တဲ့ လပြည့်ကဗျာ

လပြည့်ကဗျာကတော့ အဆိုတော် ခင်မြတ်မွန်ရဲ့သမီးဖြစ်ပြီး Idiots အဖွဲ့ဝင်ရေမွန်ရဲ့ ညီမအဖြစ် နာမည်ကြီးပြီး သူမကိုယ်တိုင်လည်း အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ လပြည့်ကဗျာဟာ လူငယ်တစ်ယောက်ဖြစ်ပေမယ့် Single Mother အဖြစ်ရပ်တည်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး သူမရဲ့ ဝါသနာနဲ့အတူ သားလေးအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်အောင် ရပ်တည်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လပြည့်ကဗျာက သွားလေသူ ရေမွန်နဲ့ ဝါသနာချင်းတူတဲ့ သားလေးပိုးပိုးအကြောင်းကို ပရိသတ်တွေဆီ ပြောပြလာပါတယ်။ လပြည့်ကဗျာက “Music ပိုင်းတော့မသိသေးဘူး။ ပန်းချီပိုင်းမှာတော့ ဦးလေးခြေရာနင်းနေပြီ။ ဘပီလဲ ပန်းချီတအားတော်တာ။ ငယ်ငယ်တုန်းက ကိုယ့်ကိုထိန်းရင် ပုံဆွဲဆွဲပြပြီး ထိန်းနေကျ ငပိုးလဲ အားတာနဲ့ ဖုန်းတလုံးယူ သူကြိုက်တာတွေ Youtube မှာရှာပီး တနေကုန်ထိုင်ဆွဲတော့တာပဲ။ တော်တော်တတ်နေပြီ 😁😍” ဆိုပြီး သားလေး ပိုးပိုးအကြောင်းကို ပြောလာပါတယ်။

ပိုးပိုးကတော့ ရေမွန်အချစ်ဆုံးတူလေးတစ်ယောက်ဖြစ်ပြီး ပိုးပိုးလေးကလည်း အရွယ်ရလာတာနဲ့အမျှ သူ့ရဲ့ဦးလေးနဲ့ ဝါသနာချင်း စိတ်ချင်းတူလာခဲ့တယ်လို့ လပြည့်ကဗျာက ပြောပြလာတာပဲ ဖြစ်ပါတယ်။ ရေမွန်သာသိရင် သူနဲ့တူတဲ့ တူလေးပိုးပိုးအတွက် ဂုဏ်ယူနေမယ်ဆိုတာ အသေအချာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: La Pyae Gabyar ‘s fb

error: Alert: Content is protected !!