ဦးလေးဖြစ်တဲ့ရေမွန့်ကို သတိရနေတာကြောင့် ဉာဏ်မီသလောက်လေး အလွမ်းဖြေနေရှာတဲ့ သားဖြစ်သူအကြောင်းပြောပြလာတဲ့ လပြည့်ကဗျာ
တစ်နိုင်ငံလုံးက ပရိသတ်တွေ လေးစားချင်ခင်ရတဲ့ အဆိုတော်ရေမွန်ကတော့ ရုတ်တရက်ကွယ်လွန်သွားခဲ့တာ တစ်နှစ်တိတိရှိခဲ့ပြီဆိုပေမယ့် ပရိသတ်တွေရဲ့ အောက်မေ့သတိရခြင်းကို ခံနေရဆဲဖြစ်ပါတယ်။ အထူးသဖြင့် ရေမွန့်ရဲ့ မိသားစုဝင်တွေကတော့ ရေမွန့်ကိုသတိရနေဆဲဖြစ်ပြီး ရေမွန်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကိုလည်း ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရေမွန့်ရဲ့ညီမလေး လပြည့်ကဗျာက သူမရဲ့ သားလေး ပိုးပိုးက ဦးလေးဖြစ်တဲ့ရေမွန်ကိုသတိရနေတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။
လပြည့်ကဗျာက “သူဆွဲတတ်သလိုလေး ဆွဲထားရှာတာ ဘပီကတော့ ပါးနဲနဲကားသွားတယ် 😁” ဆိုပြီး ဦးလေးဖြစ်တဲ့ရေမွန့်ကို သတိရနေပြီး ရေမွန့်ပုံလေးတွေဆွဲထားတဲ့ သားဖြစ်သူ ပိုးပိုးရဲ့အကြောင်းလေးကို ပြောလာပါတယ်။ လပြည့်ကဗျာရဲ့သာလေး ပိုးပိုးကတော့ ရေမွန့်ရဲ့အချစ်ဆုံးတူလေးဖြစ်ပြီး ရေမွန့်လက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့သူလေးဖြစ်ပါတယ်။
လပြည့်ကဗျာရဲ့သားလေး ပိုးပိုးကတော့ အဖေမရှိပဲ ကြီးပြင်းလာခဲ့သူတစ်ယောက်ဖြစ်တာကြောင့် ရေမွန့်အပေါ် သံယောဇဉ်ကြီးတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရေမွန့်ကိုသတိရလို့ သူဉာဏ်မီသလောက်လေး အလွမ်းဖြေနေတဲ့ ပိုးပိုးလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Lapyae Gabyar ‘s fb