ဦးမေတ္တာအတွက်ရည်စူးပြိး လှူဖို့တန်းဖို့ စုဆောင်းထားတဲ့ ချွေးနည်းစာပိုက်ဆံလေးတွေ ခါးပိုက်နှိုက်ခံခဲ့ရတယ်ဆိုတဲ့ မေတ္တာမြင့်မြတ်ဟိန်း

လူရွှင်တော်၊ ဟာသသရုပ်ဆောင်ကြီး မေတ္တာကတော့ ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့ပြီဆိုပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ အမြဲတမ်း နေရာယူထားနိုင်ဆဲဖြစ်ပါတယ်။ ဦးမေတ္တာကွယ်လွန်သွားတာဟာ လာမယ့်သြဂုတ်လဆိုရင် တစ်နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပြီး ဒီကနေ့မှာတော့ မေတ္တာမြင့်မြတ်ဟိန်းက ဖခင်အတွက်ရည်စူးပြီး လှူဒါန်းမယ့် ပိုက်ဆံတွေ ခါးပိုက်နှိုက်ခံခဲ့ရတဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။

“တစ်လထဲမှာ အမေက ငွေလိမ်တာ ခံရတယ်။ ဖေဖေ့တစ်နှစ်ပြည့်မှာ မေမေကြိုက်တာလှူဒါန်းလို့ရအောင်ဆိုပီး စုထားတာလေးတွေ ပါသွားလို့ ရှိတဲ့အလုပ်လေးပေါ်လာလို့ မန္တလေးမှာ အလုပ်လေးသွားလုပ်တာ ရန်ကုန်ရောက်တော့ လမ်းမှာ အမေ့ကန်တော့မယ့် ချွေးနည်းစာတွေ အနှိုက်ခံလိုက်ရတယ်…. 😔😔😔တောင်းပန်ပါတယ် အမေ” ဆိုပြီး စိတ်မကောင်းစွာ ရင်ဖွင့်လာပါတယ်။

မေတ္တာမြင့်မြတ်ဟိန်းကတော့ အမေက ငွေလိမ်ခံရတဲ့အပြင် သူကလည်း အဖေကွယ်လွန်ခြင်း တစ်နှစ်ပြည့်နေ့မှာ လှူဖို့တန်းဖို့ စုဆောင်းထားတဲ့ ချွေးနည်းစာပိုက်ဆံလေးတွေ ခါးပိုက်နှိုက်ခံခဲ့ရဆိုပြီး သူတို့မိသားစုရဲ့ဖြစ်ပျက်ပုံကို စိတ်မကောင်းဝမ်းနည်းခြင်းများစွာနဲ့ ရင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Myittar Myint Myat Hein’s fb

error: Alert: Content is protected !!