ဦးမန်းဝင်းသာရှိနေမယ်ဆိုရင် ဈေးသည်ကြီးဖြစ်နေတဲ့သမီးကိုကြည့်ပြီး လက်ခုပ်တီးအားပေးနေမှာ အသေအချာပဲဆိုတဲ့ ဟေမာမန်းဝင်း

ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်းကတော့ တစ်ခေတ်တစ်ခါက အငြိမ့်သဘင်မှာ ကျော်ကြားခဲ့သလို ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဦးမန်းဝင်းရဲ့ သမီးကြီး ဟေမာမန်းဝင်းကလည်း ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီး ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ ဟေမာမန်းဝင်းကတော့ ဖခင်ဖြစ်သူလိုပဲ အနုပညာလောကမှာ ဇာတ်ပို့ဇာတ် ရံကောင်းတစ်ယောက်အဖြစ် နေရာရရှိပြီးသားသူ ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေ ရပ်နားလိုက်ချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဟေမာမန်းဝင်းက ဒီကနေ့မှာတော့ ဖခင်ကြီး ဦးမန်းဝင်းကို သတိရနေတဲ့အကြောင်း ရင်ဖွင့်လာပါတယ်။ ဟေမာမန်းဝင်းက “ဖေဖေသာရှိရင် ဟေမာဈေးရောင်းနေတာကြည့်ပြီး လက်ခုပ်လေးတီးပြီး အားပေးနေမယ်ဆိုတာသမီးယုံတယ်။ ငပေါမကြီးဆိုပြီးစနေမှာအခုတော့သမီးတယောက်ထဲရုန်းနေရပီးဖေဖေရေ” ဆိုပြီး သူမရဲ့ ရင်တွင်းခံစားချက်ကို ဖွင့်ဟလာခဲ့ပါတယ်။

ဟေမာမန်းဝင်းကတော့ အနုပညာအလုပ်တွေ ရှားပါးနေချိန်မှာ သမာအာဇီဝကျကျ ဈေးရောင်းနေပြီး ဖခင်ဖြစ်သူသာရှိရင် သမီးအတွက် ဝမ်းသာနေမှာပဲလို့ ပြောလာတာပဲဖြစ်ပါတယ်။ ဟေမာတစ်ယောက် ဈေးရောင်းကောင်းပြီး အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Hay Mar Mann Win ‘s fb

error: Alert: Content is protected !!