အေးအတူ၊ ပူအမျှ အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ရင်း မင်္ဂလာသက်တမ်း (၁၆) နှစ်တိတိပြည့်ခဲ့ပြီဆိုတဲ့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီ
ပရိသတ်တွေက ခီမောင်နှံလို့ တင်စားခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ကတော့ အနုပညာလောကရဲ့ နာမည်ကြီး စုံတွဲတစ်တွဲပါပဲ။ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဟာ သူတို့ရဲ့ အနုပညာတွေကို နိုင်ငံရပ်ခြားကနေ သင်ယူလာခဲ့သူတွေဖြစ်တာမို့ သူတို့ရဲ့ အရည်အချင်းနဲ့ ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းဟာ ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် တွန်းပို့နိုင်တာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဟာ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားလျက်ရှိတာကို တွေ့ရပါတယ်။
ဒီကနေ့ ဇွန်လ (၂၅) ရက်နေ့ကတော့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ လက်ထပ်ခဲ့တာ (၁၆) နှစ်တိတိရှိခဲ့ပြီဖြစ်ပြီး ဇာဏ်ခီက သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲက ဓာတ်ပုံလေးတွေနဲ့ လက်ရှိအရွယ်မှာ တရားရှာရင်း တစ်ယောက်ကိုတစ်ယောက် ပါရမီဖြည့်ခဲ့ပုံတွေကို ယှဉ်တွဲကာ “အရင်ကတော့ “Without your love I’m a dog without a bone” ပေါ့.. ရှေ့လျှောက်တော့ “With you by my side I want to be ကတုံး” ပါလို့.. 😁🥰❤️ Happy 16th Year Anniversary, babe! ဒီနေ့က ကျနော်တို့ရဲ့မင်္ဂလာသက် ၁၆နှစ်ပြည့်ပါ။ ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။
ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဟာ ချစ်သက်တမ်း (၂၂) နှစ်၊ အိမ်ထောင်သက် (၁၆) နှစ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု၊ နားလည်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ သာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Zenn Kyi ‘s fb