အောင်မြင်မှုရရှိလာတဲ့အခါ မာနမထောင်လွှားပဲ နှိမ့်ချနေထိုင်တတ်ဖို့ ကိုယ့်ကိုကိုယ်အမြဲတမ်းသတိပေးဖြစ်တယ်ဆိုတဲ့ ဆုထက်လှိုင်
အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဆုထက်လှိုင်ကတော့ 2014 ခုနှစ်က ကျင်းပပြုလုပ်တဲ့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်း လူသိများလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဆုထက်လှိုင်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Karaoke World Championship Asis Final မှာလည်း 2nd Runner Up ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဆုထက်လှိုင်ဟာ သရုပ်ဆောင်လိုင်းဘက်ကိုလည်း ကူးပြောင်းခဲ့ပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်”ဇာတ်လမ်းတွဲနဲ့လည်း အောင်မြင်မှုရရှိနေတာပဲဖြစ်ပါတယ်။
ပရိသတ်တွေရဲ့အားပေးမှုနဲ့တကွ အောင်မြင်မှုတွေရရှိနေတဲ့ ဆုထက်လှိုင်ဟာ “အောင်မြင်မှုရလာတဲ့အခါ ဒီနေရာရောက်လာဖို့ တွဲခေါ်တတ်တဲ့သူတွေကို ကျေးဇူးဆပ်တတ်ရမယ်။ မိဘကိုပိုရိုသေရမယ်။ ရိုးသားပွင့်လင်းဖြောင့်မတ်မှုကို တန်ဖိုးထားတတ်ရမယ်။ လူ့ဘဝက ခဏလေးပါ။ ဘယ်အရာမှမမြဲတာမို့ နှိမ့်ချတတ်ဖို့ ကိုယ့်ကိုကို နေ့တိုင်းသတိပေးဖြစ်တယ်။”ဆိုပြီး သူမကိုယ်သူမ နှိမ့်ချနေဖို့ သတိပေးဖြစ်ကြောင်း ပြောလာပါတယ်။
ဆုထက်လှိုင်ကတော့ အရင်ကတည်း အနေအထိုင်တည်ကြည်သူလေးတစ်ယောက်ဖြစ်ပြီး အခုလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုရရှိချိန်မှာလည်း ကိုယ့်ကိုကိုယ်နှိမ့်ချနေဖို့ အမြဲသတိပေးဖြစ်တယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ ဆုထက်လှိုင်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Su Htet Hlaing ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်