အိမ်ပြန်ချင်ခဲ့တဲ့ ခံစားချက်တွေကို သီချင်းအဖြစ်ဖန်တီးပြီး ပရိသတ်တွေကို အမြည်းလေး ချပြလာခဲ့တဲ့ ပိုပို

အဆိုတော် ပိုပိုကတော့ သီချင်းကောင်းတွေကို ရေးသားသီဆိုရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့သူလေးဖြစ်ပါတယ်။ ပိုပိုဟာ ပြီးခဲ့တဲ့နှစ်တွေမှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် ပြည့်ပြည့်ဝဝအနားမယူသေးပဲ ပိုပိုဟာ သီချင်းတွေကို ဖန်တီးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။     

လက်ရှိမှာ သီချင်းသစ်ကို ဖန်တီးနေတဲ့ ပိုပိုဟာ ဒီကနေ့မှာတော့ သူမရဲ့ သီချင်းထဲက စာသားအချို့ကို ပရိသတ်တွေဆီ အမြည်းလေးပြသလာပါတယ်။ ပိုပိုက “အိမ်ပြန်ချင်တဲ့ စိတ်နဲ့ပဲ နွမ်းလို့ကြွေခဲ့ 🎶🥺🥺 I wanna go back home 😢🥺 Coming soon …#popo #အိမ်လွမ်းနာ #homesick #ပိုပို” ဆိုပြီး သူမရဲ့ “အိမ်လွမ်းနာ” ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို ပြသလာခဲ့ပါတယ်။

ပိုပိုရဲ့ သီချင်းလေးဟာ လက်ရှိမှာ အသံသွင်းနေဆဲဖြစ်ပြီး ဘယ်နေ့မှာ ပရိသတ်တွေဆီ ချပြမလဲဆိုတာကိုတော့ ပြောပြခြင်းမရှိသေးပါဘူး။ ပရိသတ်ကြီးကလည်း ပိုပိုရဲ့ “အိမ်လွမ်းနာ” သီချင်းလေး ထွက်ရှိလာရင်လည်း နားဆင်ပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: ပိုပို ‘s fb

error: Alert: Content is protected !!