အိမ်ထောင်သည်တစ်ယောက်ဖြစ်သွားပြီဆိုပေမယ့် အရင်အတိုင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိကြောင်း ပြသလာတဲ့ ရွှေမှုံရတီ
မင်းသမီးချောလေး ရွှေမှုံရတီ အသက် (၂၀) ကျော်အရွယ်မှာတင် အဆိုတော် ရွှေထူးနဲ့ အိမ်ထောင်ကျခဲ့တာဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက အိမ်ထောင်ကျတာ အချိန်အတော်ကြာခဲ့ပြီဆိုပေမယ့် ရင်သွေးမယူသေးပဲ ခင်ပွန်းဖြစ်သူရွှေထူးနဲ့ နှစ်ယောက်တည်း သာယာတဲ့ အချိန်တွေကို ဖန်တီးနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာအလုပ်တွေနဲ့ နှစ်အတော်ကြာဝေးကွာနေတဲ့ ရွှေမှုံရတီဟာ မကြာခင်မှာတော့ အရင်လို အလုပ်တွေပြန်လည်လုပ်ကိုင်တော့မယ်လို့အင်တာဗျူးတွေမှာ ဖြေကြားထားပါတယ်။
အပျိုကတည်းက ရေးကူးရတာနှစ်သက်ပြီး မကြာခဏဆိုသလို ရေကူးဝတ်စုံတွေဝတ်ပြီး ဓာတ်ပုံတွေတင်လေ့ရှိတဲ့ ရွှေမှုံရတီဟာ ဒီတစ်ခေါက်မှာလည်း သူမရဲ့ ကမ်းခြေရောက် အမှတ်တရပုံတွေတင်ပေးလာခဲ့ပါတယ်။ ရွှေမှုံရတီက အဖြူရောင်ဘီကီနီလေးကို ဝတ်ဆင်ထားပြီး အရင်လို ယုံကြည်မှုအပြည့်ရှိတဲ့ သူမရဲ့ခန္ဓာကိုယ်လေးကို လှစ်ဟပြခဲ့တာပဲဖြစ်ပါတယ်။
ရွှေမှုံရတီကတော့ အိမ်ထောင်သည်တစ်ယောက်ဖြစ်သွားပြီဆိုပေမယ့် ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ ဂရုစိုက်ကြင်နာမှုတွေကြောင့် အပျိုတုန်းကအတိုင်း မပြောင်းလဲပဲ လှနေဆဲပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ ဆွဲဆောင်မှုအပြည့်နဲ့ ပုံရိပ်လေးတွေကြည့်ပြီး သဘောကျကျေနပ်ကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Shwe Hmone Yati’s fb
ဇော်ဂျီဖြင့်ဖတ်ရန်