အိမ်ထောင်သက် (၃) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ လူအယောက် (၃၀၀) စာ ထမင်းဟင်းစတုဒီသာအလှူလုပ်ခဲ့တဲ့ အေးချမ်းမိုးတို့ဇနီးမောင်နှံ
Miss Universe အလှမယ်တစ်ယောက်ဖြစ်သလို ဆရာဝန်မလေးတစ်ယောက်လည်းဖြစ်တဲ့ အေးချမ်းမိုးကတော့ အနုပညာမှာလည်း အောင်မြင်သလို ပညာရေးမှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေအပြင် MC တစ်ယောက်အဖြစ်လည်း ပရိသတ်တွေနဲ့ ထိတွေ့နေလျက်ရှိတဲ့ အေးချမ်းမိုးက သူမရဲ့ခင်ပွန်းနဲ့အတူတူ အထည်ဆိုင်ကြီးတစ်ဆိုင်ကိုလည်း ဖွင့်လှစ်ထားလျက်ရှိတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ကတော့ အေးချမ်းမိုးတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၃) နှစ်ပြည့်နေ့လေးပဲ ဖြစ်ပါတယ်။ အေးချမ်းမိုးက သူမတို့ဇနီးမောင်နှံရဲ့ မင်္ဂလာအထိမ်းအမှတ်နေ့မှာ ကုသိုလ်တွေပြုဖြစ်ကြောင်းကို “ချမ်းမိုးတို့ ၂ယောက်ရဲ့ ၃နှစ်ပြည့် Anniversary အထိမ်းအမှတ်အနေနဲ့ ထမင်း, ပဲကုလားဟင်းနဲ့ ငါးခြောက်ကြော်ကို လူ ၃၀၀ စာ စတုဒီသာ ကျွေးမွေးဖြစ်ခဲ့ပါတယ် 🥰🥰” ဆိုပြီး မျှဝေလာပါတယ်။
အေးချမ်းမိုးကတော့ အိမ်ထောင်ကျပြီးတာ (၃) နှစ်ရှိပြီဆိုပေမယ့် ရင်သွေးမယူသေးပဲ ဇနီးမောင်နှံနှစ်ယောက် အလုပ်တွေကြိုးစားနေတာပဲ ဖြစ်ပါတယ်။ အေးချမ်းမိုးတို့ဇနီးမောင်နှံနှစ်ယောက် မင်္ဂလာသက်တမ်း (၃) နှစ်ပြည့်မှသည် နောက်နှစ်တွေများစွာတိုင် အခုလိုပဲ ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Aye Chan Moe ‘s fb