အိမ်ထောင်သက် (၁) နှစ်ပြည့်တဲ့နေ့လေးကို မမေ့မလျော့ပဲ ချစ်ခင်ပွန်း ဝေဠုကျော်ကို ရိုးရိုးရှင်းရှင်းလေး ပြောလာတဲ့ ရေကြည်ချမ်းမြ

ပြည်သူချစ်မင်းသားတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ အသက်ငါးဆယ်ကျော်မှ သူ့ရဲ့ဖူးစာဖက်မိန်းကလေးကို ရှာတွေ့ခဲ့ပြီး ရွှေလက်တွဲလက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ ဝေဠုကျော်ဟာ အငြိမ့်မင်းသမီးလေး ရေကြည်ချမ်းမြနဲ့ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလအတွင်းက လက်ထပ်ခဲ့ပြီး အခုဆိုရင် သာယာအေးချမ်းတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရွှေရွှေချင်းထပ်လို့မြတ်တယ်ဆိုတဲ့အတိုင်း ဝေဠုကျော်နဲ့ ရေကြည်ချမ်းမြတို့ရဲ့ အိမ်ထောင်ရေးကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ကတော့ ဝေဠုကျော်နဲ့ ရေကြည်ချမ်းမြတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁) နှစ်ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ ရေကြည်ချမ်းမြက သူမတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ မင်္ဂလာပွဲ့ ဓာတ်ပုံလေးနဲ့အတူ “1 year anniversary ပါ အချစ်ရေ..” ဆိုပြီး ရိုးရိုးရှင်းရှင်းလေး ပြောလာခဲ့ပါတယ်။

ဝေဠုကျော်နဲ့ ရေကြည်ချမ်းမြတို့ကတော့ အိမ်ထောင်သက် (၁) နှစ်အတွင်း ရင်သွေးလုံးဝမယူပဲ နှစ်ယောက်တည်းဘဝကို ရိုးရှင်းစွာဖြတ်သန်းနေလျက်ရှိတာပဲဖြစ်ပါတယ်။ ဝေဠုကျော်နဲ့ ရေကြည်ချမ်းမြတို့ဇနီးမောင်နှံနှစ်ယောက် နောက်နှစ်တွေများစွာတိုင် အခုလိုပဲ ပျော်ရွှင်စွာ ရွှေလက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yay Kyi Chan Mya ‘s fb

error: Alert: Content is protected !!