အိမ်ထောင်သက် (၁၂) နှစ်ပြည့်နေ့မှာတောင် နှစ်ယောက်စလုံးအတူအလုပ်တွေလုပ်ရင်းနဲ့ပဲဖြတ်သန်းခဲ့တယ်ဆိုတဲ့ ဆန်းထွဋ်တို့ ဇနီးမောင်နှံ
အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ဆန်းထွဋ်ကတော့ လတ်တလောမှာ ဇာတ်ကားတွေမရိုက်ကူးပဲ အစီအစဉ်တင်ဆက်သူ MC တစ်ယောက်အဖြစ်သာ လှုပ်ရှားနေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ကတော့ ဆန်းထွဋ်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁၂) နှစ်ပြည့်တဲ့နေ့ဖြစ်ပြီး ဆန်းထွဋ်တို့ ဇနီးမောင်နှံက Anniversary မှာ ဘာမှထူးထူးခြားခြားမလုပ်ဖြစ်တဲ့အကြောင်းကိုပြောလာပါတယ်။
ဆန်းထွဋ်က “၂၀၁၁ ဖေဖော်ဝါရီ ၁၈ရက်နေ့ မနက်ရန်ကုန်မှာ မင်္ဂလာဆောင်ပြီး နေ့လည် flight 🛫နဲ့ မန္တလေးကိုပြေး ညဘက် ပွဲလုပ်ခဲ့တယ်..ကြားထဲကနှစ်တွေလည်း ဒီလိုပဲ ဖြစ်ခဲ့မယ်ထင်တယ်။ ဒီညလည်း ကျွန်တော် MC လုပ်ပေးရတဲ့ပွဲကြီးရှိနေတယ်..ကျွန်တော်တို့ ၂ယောက် အမြဲတူတူရှိပြီး အလုပ်အတူတူလုပ်နေရခြင်းဟာ ကျွန်တော်တို့ရဲ့ Celebration ပဲနေမှာပါ။ နောက်ထပ် နှစ်ပေါင်းများစွာကိုလည်း ဘယ်လို အခြေအနေတွေမှာပဲဖြစ်ဖြစ် အတူတူပဲ ဆက်လျှောက်သွားဖို့ အမြဲ ဘေးနားမှာပဲ ရှိနေပေးပါ ချစ်ရေ❤️❤️❤️ ✨Happy 12th wedding anniversary✨” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ဆန်းထွဋ်တို့ဇနီးမောင်နှံကတော့ အိမ်ထောင်သက် (၁၂) နှစ်ပြည့်သွားသည့်တိုင်အောင် တစ်ဦးတည်းသောသမီးလေးကို မွေးဖွားထားပြီး အေးဆေးတည်ငြိမ်တဲ့မိသားစုဘဝလေးကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဆန်းထွဋ်တို့ ဇနီးမောင်နှံလည်း မင်္ဂလာသက်တမ်း (၁၂) နှစ်မှသည် နောင်နှစ်တွေအများကြီးထိတိုင် ပျော်ရွှင်စွာပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Sann Htut ‘s fb