အိမ်ထောင်သက်တစ်နှစ်ကျော်အကြာမှာ ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ရပြီဆိုတဲ့ ရဲနောင်

ရဲနောင်ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတဆင့် လူသိများကျော်ကြားလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် ဝါသနာပါတဲ့ ဂီတလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းခဲ့တဲ့ ရဲနောင်ဟာ ပရိသတ်အားပေးမှုကိုရရှိနေပြီဖြစ်ပြီး အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေပြီပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ဧပြီလကတည်းက ချစ်သူနဲ့မင်္ဂလာလက်မှတ်ထိုးလက်ထပ်ခဲ့တဲ့ ရဲနောင်ဟာ သူ့ရဲ့ချစ်ဇနီးနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မင်္ဂလာဧည့်ခံပွဲထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ရဲနောင်ဟာ သူတို့ဇနီးမောင်နှံရဲ့ ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ထားပြီလို့ အသိပေးလာပြီး ဇနီးလေးဗိုက်ထဲကရင်သွေးလေးဟာလည်း အခုဆိုရင် (၅) လကျော်အရွယ်တောင်ရှိနေပြီလို့ သိရပါတယ်။

ရဲနောင်တို့ ဇနီးမောင်နှံဟာ သိုသိုသိပ်သိပ်နေတတ်သူတွေပီပီ မင်္ဂလာပွဲကိုလည်း ခင်မင်ရင်းနှီးသူတွေနဲ့သာကျင်းပခဲ့ပြီး ရင်သွေးလေးအကြောင်းကိုလည်း ကိုယ်ဝန်ငါးလကျော်အရွယ်ရောက်မှ လူသိရှင်ကြားအသိပေးခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ye Naung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

အိမ္ေထာင္သက္တစ္ႏွစ္ေက်ာ္အၾကာမွာ ပထမဦးဆုံးရင္ေသြးေလးကို ပိုင္ဆိုင္ရၿပီဆိုတဲ့ ရဲေနာင္

ရဲေနာင္ကေတာ့ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ လူသိမ်ားေက်ာ္ၾကားလာခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ၿပိဳင္ပြဲမွာ Winner ဆုႀကီးနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ ဝါသနာပါတဲ့ ဂီတလမ္းေၾကာင္းကို ဆက္လက္ေလွ်ာက္လွမ္းခဲ့တဲ့ ရဲေနာင္ဟာ ပရိသတ္အားေပးမႈကိုရရွိေနၿပီျဖစ္ၿပီး အဆိုေတာ္တစ္ေယာက္အျဖစ္ ရပ္တည္ေနၿပီပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ဧၿပီလကတည္းက ခ်စ္သူနဲ႔မဂၤလာလက္မွတ္ထိုးလက္ထပ္ခဲ့တဲ့ ရဲေနာင္ဟာ သူ႔ရဲ႕ခ်စ္ဇနီးနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ မဂၤလာဧည့္ခံပြဲထပ္မံျပဳလုပ္ခဲ့ပါတယ္။ ဒီတစ္ခါမွာေတာ့ ရဲေနာင္ဟာ သူတို႔ဇနီးေမာင္ႏွံရဲ႕ ပထမဦးဆုံးရင္ေသြးေလးကို ပိုင္ဆိုင္ထားၿပီလို႔ အသိေပးလာၿပီး ဇနီးေလးဗိုက္ထဲကရင္ေသြးေလးဟာလည္း အခုဆိုရင္ (၅) လေက်ာ္အ႐ြယ္ေတာင္ရွိေနၿပီလို႔ သိရပါတယ္။

ရဲေနာင္တို႔ ဇနီးေမာင္ႏွံဟာ သိုသိုသိပ္သိပ္ေနတတ္သူေတြပီပီ မဂၤလာပြဲကိုလည္း ခင္မင္ရင္းႏွီးသူေတြနဲ႔သာက်င္းပခဲ့ၿပီး ရင္ေသြးေလးအေၾကာင္းကိုလည္း ကိုယ္ဝန္ငါးလေက်ာ္အ႐ြယ္ေရာက္မွ လူသိရွင္ၾကားအသိေပးခဲ့တာပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Ye Naung’s fb

error: Alert: Content is protected !!