အိမ်ထောင်ရှိအမျိုးသားနဲ့ဖောက်ပြန်တဲ့ရည်စားအကြောင်းကို လူသိရှင်ကြားဖွင့်ဟလာခဲ့တဲ့ နေဒွေး
သရုပ်ဆောင်နေဒွေးကတော့ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ပီပီ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်စိတ်ဝင်စားခြင်းခံရသလို သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်လည်း အာရုံစိုက်ခြင်းခံရသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေဒွေးက သူ့ရဲ့ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့အကြောင်းကို လူသိရှင်ကြားဖွင့်ဟလာခဲ့ပြီး သူ့ရဲ့ချစ်သူက အိမ်ထောင်ရှိအမျိုးသားနဲ့ ဖောက်ပြန်တာကိုလည်း အကြောင်းစုံသိပြီးသားဆိုတဲ့အကြောင်းကို ပြောပြလာပါတယ်။
နေဒွေးက “အိမ်ထောင်ရှိအမျိုးသားဆီက ချူပြီးတွဲနေတဲ့ ကိုယ့်ကောင်မလေးအကြောင်း သက်သေအထောက်အထားအစုံအလင်နဲ့မိ ခဲ့ရင် ညီအကိုတို့ဆက်တွဲမလား ဖြတ်မလား ???? Viber မှာလင်မယားလိုပြောတာတွေကိုမိထားတာနော် 😪 အေး ငြိမ်ငြိမ်မနေပွဲရှာနေရင် SS တွေလာမယ် အဲ့ လူရဲ့ Viber ဖုန်းနံပါတ်ကအစ နော် ပြောစမ်းပါအုံး ငါ့အတွက်ဘာတွေကုန်ထားတာလဲ ??? ငွေသိန်းတရာအကြွေးအတင်းဆပ်ခိုင်းတာတွေ SS တွေနဲ့လာမှာနော် လေနဲ့မဟုတ်ဖူး သိဘို့”
“သူ့ဟာသူ မူးရူးပြီးဘာတွေဆက်တင်နေတင်နေ ထပ်မတင်တော့ဖူး 😌 ပြောချင်တာတခုပါပဲ အိမ်ထောင်ရှိအမျိုးသားနဲ့ပတ်သတ်ချူစားနေတာ ကြားလို့ RS တခုကို ရပ်လိုက်တယ် ဆက်မတွဲဖူး အဲ့ကြားထဲ ကိုယ့်ဘာသာသူငယ်ချင်းတွေနဲ့ပျော်တယ် ခရီးထွက်တယ် အဲ့တာကို မဆိုင်တော့တာကို ပြသနာလိုက်ရှာတယ်. သံယောဇဉ်တခုကြောင့် ထုတ်မပြောရက်လို့ မသိချင်ချင်ယောင်ဆောင်ပေးခဲ့တယ် အရင်ထဲက မန်းလေး BOB KTV မှာအလုပ်လုပ်တဲ့ ဆော် ဆိုပြီးလာပြောကြလဲ ကိုယ့်တကယ်ချစ်ရင် မှိတ်လုံးစုံမှိတ်မသိချင်ယောင်ဆောင်ချစ်ပေးခဲ့တယ် နောက်ဆုံး ပိုက်ဆံသိန်းတရာအကြွေးတင်လို့ဆပ်ခိုင်းတယ် ကိုယ်တွေမှာလည်းတကယ်မရှိလို့ ဆပ်မပေးနိုင်ခဲ့ဖူး🥺 ဒီလိုခေတ်ကြီးမှာ အမေ့ဆီကတလ ၁၀သိန်း အလုပ်လုပ်ပေးပြီးသုံးနေရတဲ့ဘဝ ဒါနဲ့ နောက်နေ့ မှာ အမေက မြေကွက်လေးတကွက်ဝယ်ချင်တယ်ဆိုလို့ မွေးနေ့ကလည်းအမေ့ကိုဘာမှမလုပ်ပေးရသေးလို့ ၁၀လစာ လုပ်ခလစာမယူပဲ မေမေ့ဝယ်တဲ့မြေကွက်ထဲထည့်ပေးလိုက်တယ် အဲ့တာလည်းသူ့ကို ပြောပြလိုက်တယ် အဲ့တာ ကို သူတောင်းတဲ့သိန်းတစ်ရာ ကိုမပေးဖူး အမေ့ကိုကျဝယ်ပေးပါတယ်ဆိုပြီး အတင်းလိုက်ချတယ်”
“ပြန်ကြားတော့စိတ်မကောင်းလို့မေးတော့ အဲ့လိုမပြောပါဖူးတဲ့ 😌 ပြီးတော့ သူ့အကောင့်မှာ Mom Boy ဆိုပြီး အမေချစ်သားတွေကို လှောင်ထားတဲ့ တရုတ် ဇာတ်လမ်းအပိုင်းတိုကိုတင်တယ် ဒီကြားထဲသူ့အကြောင်းတွေကြားလို့ မန်းလေးကသူငယ်ချင်းတွေပို့ပေးလို့ ညတိုင်း KTV မှာ အိမ်ထောင်ရှိအမျိုးသားနဲ့တွေ့နေတဲ့အကြောင်းတွေကြားလို့ ဆက်မတွဲချင်တော့လို့ အေးဆေး လမ်းခွဲမယ်ပြောခဲ့တယ် . ဒါကို သူရန်ကုန်လာတုန်းရန်ဖြစ်တုန်းက ကားပေါ်ကဆင်းပြေးမယ်လုပ်တော့ လက်မောင်းကိုအားနဲ့ဆွဲလိုက်လို့အညိုအမဲလေးဖြစ်သွားတယ် ကားပေါ်မှာလဲ ၂ယောက်ထဲမဟုတ်ဖူးနော် သက်သေတွေပါတယ် ကားBlack Box ကပုံလဲယူထားတယ်”
“အာ့ကို ဖြတ်ရင် ငါ့ကိုရိုက်ပါတယ်ပြောမယ်အရှက်ကွဲမယ် Live လွှင့်မယ်ဆိုပြီးချိန်းခြောက်တယ် တော်လောက်ပီလေ သံယောဇဉ် ရှိခဲ့သူမို့ ဒီလိုတွေမဖြစ်ချင်လို့ သူမူးရူးပီးစာတွေတင် Live တွေလွှင့်ပြောလဲ မသိချင်ယောင်ဆောင်နေပေးခဲ့တယ် အကြောင်းစုံမသိပဲ လာကိုက်နေတဲ့ ခွေးတွေကိုလည်း မသိချင်ယောင်ဆောင်ပေးခဲ့တယ် တော်လောက်ပီလေ ခုကျသီးမခံနိုင်လို့ထရှင်းရတာ လွန်လာပီလေ အဲ့တော့ ကျွန်တော် နွားလည်းအဖြစ်မခံနိုင်ဖူး ကြိုးကြိုးစားစားရှာဖွေထားတဲ့ ပိုက်ဆံကိုလည်း ကျွန်တော်နောင်ရေး အလှုအတန်းနဲ့ အမေ့အတွက်ပဲ အသုံးပြုချင်ပါတယ် 😌 အဲ့အတွက်လမ်းခွဲခဲ့တာပါ ထပ်သိချင်တာရှိရင် CB လာမေးလို့ရပါတယ် တလကျော်ငြိမ်ငြိမ်လေးနေပေးခဲ့တာပါ ဒါနောက်ဆုံးပို့စ့်ပါ သူ့ဘက်က စိတ်ဆွပြီးဘာတင်တင်ထပ်မတင်တော့ပါဖူး 😌 လူဆိုတာခံစားရမှနားလည်တတ်တာပါ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Nay Dway ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Nay Dway ‘s fb