အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ရတဲ့ အခိုင်မာဆုံးဆုံးဖြတ်ချက်အကြောင်းကို ပြောပြလာခဲ့တဲ့ မိစန္ဒီ
အမိုက်စား Rap သီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော်မလေး မိစန္ဒီကတော့ လူငယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ရာ အခုဆိုရင် အိမ်ထောင်ပြုရမယ့်အရွယ်တစ်ခုကို ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ မိစန္ဒီဟာ အခုဆိုရင် သူမဘဝရဲ့လက်တွဲဖော်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးထားခဲ့ပြီးပြီဖြစ်ပြီး မကြာခင်မှာ လက်ထပ်ပွဲဆင်နွဲတော့မှာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မိစန္ဒီဟာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ရတဲ့ အခိုင်မာဆုံးဆုံးဖြတ်ချက်အကြောင်းကို ပရိသတ်တွေဆီပြောပြလာပါတယ်။
မိစန္ဒီက “ဘာလို့လဲ လို့ လူတွေ မေးကြတယ်.. အဖြေကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ “အရမ်းချစ်မိသွားလို့” ❤️ ပြီးတော့ မခွဲနိုင်တော့လို့.. နောက်တစ်ခုက လောကဓံတွေ၊ အပူအပင်များစွာနဲ့ ဒီလူ့ဘဝကြီးမှာ သူ့အချစ်တွေကြောင့် စိတ်လုံခြုံအေးချမ်းရလို့ပါ.. အဲ့ဒါပါပဲ ဟီး🙈🥰 မိစန္ဒီ ရဲ့သတို့သားနဲ့ ရိုးရိုးရှင်းရှင်း မြန်မာ ဝတ်စုံလေးနဲ့ အမှတ်တရ ရိုက်ဖြစ်တဲ့ pre-wedding ဓါတ်ပုံလေးတွေကို ပရိတ်သတ်ကြီးကို ဝေမျှခွင့်ပြုပါရှင် ☺️🙏🙈 ❤️အမှတ်တရလေးတွေကို လှပစေဖို့ အစစအရာရာ ချစ်ခြင်းမေတ္တာတွေနဲ့ ကူညီပေးကြသူများကို အရမ်းကျေးဇူးတင်ပါတယ် 😍” ဆိုပြီး သူမရဲ့ မွန်ရိုးရာဝတ်စုံလေးနဲ့ ရိုက်ကူးထားတဲ့ Pre Wedding ပုံရိပ်လေးကို အခုလိုပဲပြောလာပါတယ်။
မိစန္ဒီကတော့ ချစ်ရသူကို အရမ်းချစ်ပြီး မခွဲနိုင်တော့တဲ့အတွက် လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရတယ်လို့ ဆိုပါတယ်။ ပရိသတ်ကြီးလည်း မိစန္ဒီတို့ ချစ်သူနှစ်ယောက်ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Mi Sandi’s fb