အိမ်ထောင်ကျဖူးခဲ့တဲ့ သူ့ရဲ့အတိတ်ဟောင်းနဲ့ ပတ်သက်ပြီး မြတ်သူသူကို တိုက်ခိုက်နေမှုတွေအပေါ် တုံ့ပြန်လာခဲ့တဲ့ မြတ်သူသူရဲ့ ချစ်သူ

သရုပ်ဆောင်မြတ်သူသူကတော့ အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပါပဲ။ မြတ်သူသူဟာ နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အရိုးသားဆုံးသာ ချပြတတ်သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပွင့်လင်းစွာ ဖော်ထုတ်ပြောပြထားသူတစ်ယောက် ဖြစ်ပါတယ်။ မြတ်သူသူရဲ့ ချစ်သူကတော့ အရင်က အိမ်ထောင်ကျခဲ့ဖူးသူဖြစ်ပြီး တချို့သော မနာလိုတိုက်ခိုက်သူတွေက မြတ်သူသူကို အဆိုပါ ကိစ္စတွေနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုတွေရှိတာကြောင့် မြတ်သူသူရဲ့ ချစ်သူက မြတ်သူသူအတွက် ကာကွယ်ပြောဆိုပေးလာခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။      

“လုပ်ငန်းကိစ္စများစွာနဲ့ ဒီရက်ပိုင်းထဲအလုပ်များနေလို့ ညီမလေးရဲ့ သင်တန်းကိုတောင်ချစ်သူနဲ့ တူတူမလိုက်နိုင်ခဲ့ဘူး။ ကိုယ့်ထမင်းကိုယ်စားပြီး သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေသူများ ဘာတွေဂယက်ထနေလဲ ခင်ဗျား။ ကာယကံရှင်တွေထက် ဘယ်သူပိုသိနိုင်မလဲဗျာ။ ကျတော်အရင်ကအိမ်ထောင်ကျဖူးပေမယ့် တရားဝင်ကွာရှင်းပြီးသားပါ။ အရှုပ်အရှင်းတစ်ခုမှမရှိအောင် မနစ်နာရအောင်လည်း ပြတ်ပြတ်သားသားစီစဉ်ပေးခဲ့ပါတယ်။ ကွာရှင်းပြီး နှစ်တွေကြာမှ ကျတော့်ချစ်သူမိန်းကလေးနဲ့ လက်တွဲခဲ့တာဖြစ်လို့ မဆီမဆိုင် Account အတုများနှင့် ကျတော်တန်ဖိုးထားသောမိန်းကလေးအား သိက္ခာကျဆင်းစေဖို့ရည်ရွယ်တိုက်ခိုက် ပြောဆိုနေမှုများကို သည်းခံတော့မည် မဟုတ်ကြောင်း အသိပေးခြင်းဖြစ်ပါတယ် ပြီးပြတ်ပြီးသားကိစ္စရပ်တွေကြောင့် ဘယ်သူမှ မထိခိုက်စေချင်ပါဘူးဗျ။ အခုချိန်ထိ ကျတော့်မှာ ပေါ်တင်ရော တိတ်တိတ်ပုန်းရော မွေးထားတဲ့သွေးသား/ သားသမီးလည်း မရှိပါဘူးဗျ။ သက်သေရှိရင် အချိန်မရွေး ဥပဒေအရ ဒဲ့ရှင်းလို့ရပါတယ်ဗျ။ သူများကိစ္စ အဝဝကိုအချိန်ပေးစပ်စုလိုသောသူများအနေဖြင့်ကျတော့်အိမ်ထောင်ရေးအကြောင်းသေချာသိလိုပါက ကျတော် Sai Htet Myat ရဲ့ messenger တွင် profile အစစ်တင်ထားသော account များဖြင့်လာရောက်မေးမြန်းနိုင်ပါတယ်ဗျ” ဆိုပြီး မြတ်သူသူရဲ့ချစ်သူ ကိုစိုင်းထက်မြတ်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

မြတ်သူသူရဲ့ချစ်သူ ကိုစိုင်းထက်မြတ်ကတော့ ယခင်က အိမ်ထောင်ကျခဲ့ဖူးသူဖြစ်ပေမယ့် အခုဆိုရင် တရားဝင်ကွာရှင်းပြီးသားဖြစ်သလို မြတ်သူသူနဲ့လည်း နှစ်ယောက်သဘောတူ နားလည်မှုရှိရှိနဲ့ ရှေ့ဆက်နေကြတာပဲ ဖြစ်ပါတယ်။ မြတ်သူသူတို့ ချစ်သူနှစ်ယောက် အတိုက်အခိုက်တွေကို ကျော်လွှားပြီး သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Sai Htet Myat’s fb

error: Alert: Content is protected !!