“အိပ်မက်ထဲကအိပ်မက်” ဇာတ်လမ်းတွဲ ရိုက်ကွင်းပေါ်က အမှတ်တရတွေကို ချပြလာခဲ့တဲ့ သဇင်ထူးမြင့်
ပရိသတ်တွေ ရဲ့ အချစ်တော် သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးငယ်လေး သဇင်ထူးမြင့်ဟာဆိုရင် အကယ်ဒမီရွှေကြိုမယ်အဖြစ် ပါဝင်လုပ်ဆောင်ရာကနေ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းလာခဲ့သူ ဖြစ်ပါတယ်။ သဇင်ထူးမြင့်ကတော့ စကားပြောနည်းပြီး အနေအထိုင်အေးဆေးသူလေးဖြစ်ပေမယ့် အနုပညာအလုပ်တွေ လုပ်ကိုင်လာချိန်မှာတော့ အရင်ကထက် ပိုပြီး သွက်လက်လာတာ ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်
သီချင်းဗီဒီယိုတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်တဲ့ သဇင်ထူးမြင့်ဟာ သူမရဲ့ ပထမဦးဆုံးဇာတ်လမ်းတွဲ “အိပ်မက်ထဲကအိပ်မက်” ထဲမှာလည်း အသစ်တစ်ယောက်နဲ့မတူတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ မနေ့က မေလ (၂၈) ရက်နေ့မှာတော့ “အိပ်မက်ထဲကအိပ်မက်” ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး သဇင်ထူးမြင့်က သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲပေါ်က အမှတ်တရဓာတ်ပုံတွေကို မျှဝေရင်း “အိပ်မက်ထဲက အိပ်မက် ဇာတ်ကား ဒီနေ့နောက်ဆုံးပိုင်းလေး လွှင့်ပြီးပြီဆိုတော့ တဖွဲ့လုံးကို လွမ်းနေရတော့မယ်🥺 “နွယ်”ဆိုတဲ့ ကောင်မလေးကို အများကြီးချစ်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်🥰 အများကြီး လွမ်းနေပါမယ်…” ဆိုပြီး ကျေးဇူးတင်စကားပြောလာခဲ့ပါတယ်။
သဇင်ထူးမြင့်ကတော့ “အိပ်မက်ထဲကအိပ်မက်” ဇာတ်လမ်းတွဲမှာ သူမရဲ့အပြင်လက်တွေ့ဘဝက ပုံစံလေးနဲ့ လုံးဝကွာခြားစွာ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဇင်ထူးမြင့်ရဲ့ ရှေ့ဆက်လျှောက်မယ့် အနုပညာခြေလှမ်းသစ်တွေကို ဆက်ဆက်စောင့်ကြည့်ပြီး အားပေးကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thazin Htoo Myint – Thel’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
“အိပ္မက္ထဲကအိပ္မက္” ဇာတ္လမ္းတြဲ ႐ိုက္ကြင္းေပၚက အမွတ္တရေတြကို ခ်ျပလာခဲ့တဲ့ သဇင္ထူးျမင့္
ပရိသတ္ေတြ ရဲ႕ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ခင္လႈိင္ရဲ႕ သမီးငယ္ေလး သဇင္ထူးျမင့္ဟာဆိုရင္ အကယ္ဒမီေ႐ႊႀကိဳမယ္အျဖစ္ ပါဝင္လုပ္ေဆာင္ရာကေန အႏုပညာလမ္းေၾကာင္းမွာ ေလွ်ာက္လွမ္းလာခဲ့သူ ျဖစ္ပါတယ္။ သဇင္ထူးျမင့္ကေတာ့ စကားေျပာနည္းၿပီး အေနအထိုင္ေအးေဆးသူေလးျဖစ္ေပမယ့္ အႏုပညာအလုပ္ေတြ လုပ္ကိုင္လာခ်ိန္မွာေတာ့ အရင္ကထက္ ပိုၿပီး သြက္လက္လာတာ ပရိသတ္ႀကီး သတိထားမိၾကမယ္ ထင္ပါတယ္။
သီခ်င္းဗီဒီယိုေတြနဲ႔ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနရၿပီျဖစ္တဲ့ သဇင္ထူးျမင့္ဟာ သူမရဲ႕ ပထမဦးဆုံးဇာတ္လမ္းတြဲ “အိပ္မက္ထဲကအိပ္မက္” ထဲမွာလည္း အသစ္တစ္ေယာက္နဲ႔မတူတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိသတ္အားေပးမႈကို ရရွိခဲ့တာျဖစ္ပါတယ္။ မေန႔က ေမလ (၂၈) ရက္ေန႔မွာေတာ့ “အိပ္မက္ထဲကအိပ္မက္” ဇာတ္လမ္းတြဲရဲ႕ ဇာတ္သိမ္းပိုင္းကို ထုတ္လႊင့္ျပသခဲ့တာျဖစ္ၿပီး သဇင္ထူးျမင့္က သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္လမ္းတြဲေပၚက အမွတ္တရဓာတ္ပုံေတြကို မွ်ေဝရင္း “အိပ္မက္ထဲက အိပ္မက္ ဇာတ္ကား ဒီေန႔ေနာက္ဆုံးပိုင္းေလး လႊင့္ၿပီးၿပီဆိုေတာ့ တဖြဲ႕လုံးကို လြမ္းေနရေတာ့မယ္🥺 “ႏြယ္”ဆိုတဲ့ ေကာင္မေလးကို အမ်ားႀကီးခ်စ္ေပးခဲ့ၾကလို႔ ေက်းဇူးတင္ပါတယ္🥰 အမ်ားႀကီး လြမ္းေနပါမယ္…” ဆိုၿပီး ေက်းဇူးတင္စကားေျပာလာခဲ့ပါတယ္။
သဇင္ထူးျမင့္ကေတာ့ “အိပ္မက္ထဲကအိပ္မက္” ဇာတ္လမ္းတြဲမွာ သူမရဲ႕အျပင္လက္ေတြ႕ဘဝက ပုံစံေလးနဲ႔ လုံးဝကြာျခားစြာ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း သဇင္ထူးျမင့္ရဲ႕ ေရွ႕ဆက္ေလွ်ာက္မယ့္ အႏုပညာေျခလွမ္းသစ္ေတြကို ဆက္ဆက္ေစာင့္ၾကည့္ၿပီး အားေပးၾကပါဦးေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။