အာဏာရှင်တွေကိုတော်လှန်ဖို့ တောထဲရောက်ရှိခဲ့တာ တစ်နှစ်တိတိရှိခဲ့ပြီဆိုတဲ့ ဟားငါးကောင်
နိုင်ငံကျော်လူရွှင်တော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ကတော့ သူတို့ရဲ့ရယ်မောပျော်ရွှင်ဖွယ်ရာ ပြက်လုံးတွေကြောင့်ရော လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို အခိုင်အမာရရှိခဲ့တာပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ဝင် ငါးယောက်စလုံးဟာ ဒီနေ့ဒီအချိန်ထိ လွတ်မြောက်နယ်မြေမှာနေရင်း စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်နေတာပဲဖြစ်ပါတယ်။
ဒီကနေ့ မေလ (၂၆) ရက်နေ့မှာတော့ ဟားငါးကောင်ညီအစ်ကိုတွေဟာ စစ်အာဏာရှင်လူတစ်စုကိုတော်လှန်ဖို့ တောထဲရောက်ရှိလာခဲ့တာ တစ်နှစ်တိတိပြည့်လာခဲ့ပြီလို့ဆိုပါတယ်။ ဟားငါးကောင်ညီအစ်ကိုတွေက သူတို့ယုံကြည်ရာလမ်းကိုလျှောက်လှမ်းဖို့ တောထဲရောက်ခဲ့တာ တစ်နှစ်ပြည့်တဲ့အထိအမှတ်တရအနေနဲ့ သူတို့အသင်းအမှတ်တံဆိပ်လေးတွေတက်တူးထိုးခဲ့ကြတာကို တွေ့ရပါတယ်။
ဟားငါးကောင်ညီအစ်ကိုတွေကတော့ တော်ရုံလူတွေ မစွန့်စားနိုင်တဲ့အရာတွေကို စွန့်လွှတ်ခဲ့တာ တစ်နှစ်တိတိရှိခဲ့ပြီပဲဖြစ်ပါတယ်။ ဟားငါးကောင်ညီအစ်ကိုတွေ လိုရာပန်းတိုင်ကိုရောက်ရှိပြီး ဘေးမသီရန်မခနဲ့ အိမ်အမြန်ဆုံးပြန်နိုင်ကြပါစေနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Ko Ko Poe Lay’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
အာဏာရွင္ေတြကိုေတာ္လွန္ဖို႔ ေတာထဲေရာက္ရွိခဲ့တာ တစ္ႏွစ္တိတိရွိခဲ့ၿပီဆိုတဲ့ ဟားငါးေကာင္
ႏိုင္ငံေက်ာ္လူ႐ႊင္ေတာ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ ဟားငါးေကာင္အဖြဲ႕ကေတာ့ သူတို႔ရဲ႕ရယ္ေမာေပ်ာ္႐ႊင္ဖြယ္ရာ ျပက္လုံးေတြေၾကာင့္ေရာ လက္ရွိျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာလည္း ဓမၼဘက္ကေန ရဲရဲဝံ့ဝံ့ရပ္တည္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ေလးစားခ်စ္ခင္မႈကို အခိုင္အမာရရွိခဲ့တာပဲျဖစ္ပါတယ္။ ဟားငါးေကာင္အဖြဲ႕ဝင္ ငါးေယာက္စလုံးဟာ ဒီေန႔ဒီအခ်ိန္ထိ လြတ္ေျမာက္နယ္ေျမမွာေနရင္း စစ္အာဏာရွင္လူတစ္စုကို ဆန႔္က်င္ေတာ္လွန္ေနတာပဲျဖစ္ပါတယ္။
ဒီကေန႔ ေမလ (၂၆) ရက္ေန႔မွာေတာ့ ဟားငါးေကာင္ညီအစ္ကိုေတြဟာ စစ္အာဏာရွင္လူတစ္စုကိုေတာ္လွန္ဖို႔ ေတာထဲေရာက္ရွိလာခဲ့တာ တစ္ႏွစ္တိတိျပည့္လာခဲ့ၿပီလို႔ဆိုပါတယ္။ ဟားငါးေကာင္ညီအစ္ကိုေတြက သူတို႔ယုံၾကည္ရာလမ္းကိုေလွ်ာက္လွမ္းဖို႔ ေတာထဲေရာက္ခဲ့တာ တစ္ႏွစ္ျပည့္တဲ့အထိအမွတ္တရအေနနဲ႔ သူတို႔အသင္းအမွတ္တံဆိပ္ေလးေတြတက္တူးထိုးခဲ့ၾကတာကို ေတြ႕ရပါတယ္။
ဟားငါးေကာင္ညီအစ္ကိုေတြကေတာ့ ေတာ္႐ုံလူေတြ မစြန႔္စားႏိုင္တဲ့အရာေတြကို စြန႔္လႊတ္ခဲ့တာ တစ္ႏွစ္တိတိရွိခဲ့ၿပီပဲျဖစ္ပါတယ္။ ဟားငါးေကာင္ညီအစ္ကိုေတြ လိုရာပန္းတိုင္ကိုေရာက္ရွိၿပီး ေဘးမသီရန္မခနဲ႔ အိမ္အျမန္ဆုံးျပန္ႏိုင္ၾကပါေစေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Ko Ko Poe Lay’s fb