အာဏာရှင်ဆန်ဆန် ဖိအားတွေပေးတဲ့လူတွေကြောင့် မတရားလာလုပ်ရင် စစ်တပ်နည်းတူတော်လှန်ရမှာပဲဆိုတဲ့ Floke Rose
အဆိုတော် Floke Rose ကတော့ လူငယ်ပရိသတ်တွေကြား နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ Floke Rose ဟာ သီချင်းတွေကို သူ့စိတ်တိုင်းကျ ခံစားချက်ကိုလိုက်ပြီးဖန်တီးလေ့ရှိသလို သူ့ရဲ့နေထိုင်မှုပုံစံကိုလည်း သူ့စိတ်တိုင်းကျသာဖြတ်သန်းလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Floke Rose က သူ့ကို လိုင်းပေါ်ကနေ အမျိုးမျိုးအပြစ်တွေပြောပြီးဝေဖန်တဲ့ လူတွေကို အခုလိုပဲပြောလာတာကိုတွေ့ရပါတယ်။
Floke Rose က “ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ၊အစိုးရနဲ့ စစ်တပ်ကို ဝေဖန်၊မေးခွန်းထုတ်လာတာ သီချင်းစလုပ်တည်းကပဲ။ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးသီချင်းလုပ်တာ မြန်မာပြည်မှာ ကျနော် အများဆုံး။ လူမျိုးတုံးသတ်တာတွေ၊ အင်တာနက်ဖြတ်၊ရွာလုံးကျွတ်မီးရှို့တာတွေကို ၂၀၂၀ ထဲက လူတွေသိအောင် သီချင်းထဲမှာ ရေးခဲ့တယ်။ လုပ်ခဲ့သမျှ သီချင်းအကုန်လုံးလည်း တော်လှန်ရေး ရန်ပုံငွေအတွက် ကြိုက်သလို သုံးဖို့ လှူပြီးသား။ ဟိုတလောက ခင်ဗျားတို့ သီချင်းတွေ မထုတ်ခိုင်းတဲ့အချိန်မှာ ခင်ဗျားတို့ကို စောက်မြင်ကတ်လို့ Album လိုက်ထုတ်တယ်။ လူအုပ်ကြီးကရှိုးမဆိုနဲ့ ဆိုတဲ့အချိန်၊ ခင်ဗျားတို့ ဖုန်းထဲမှာ VPN တောင် Hide ထားရတဲ့အချိန် အရင်လကပဲ ရန်ကုန်မြို့လယ်ခေါင်မှာ တော်လှန်ရေးသီချင်းတောင် အုပ်လိုက်ကြီးဆိုခဲ့တယ်။ ”
“BOYCOTT လည်းစောက်ဂရုမစိုက်ဘူး။ ချစ်လိုက်၊မုန်းလိုက် လူအုပ်ကြီးကိုလည်း အကြိုက်လိုက်ပြီး မဖျော်ဖြေနိုင်ဘူး။ လူများ တရားနိုင် လာမလုပ်နဲ့။ Ngar L** Ma အာဏာရှင် လူအုပ်ကြီး။ အိမ်ကို လာရှာခံရတာ အကြိမ်ကြိမ်။ မတူညီတဲ့ ဝရမ်းက ၃ ခု။ မြန်မာပြည်မှာ ဟိုနေရာနေ၊ ဒီနေရာနေ နဲ့ နောက်ဆုံးရှောင်စရာ မြေမရှိတော့လို့ အပြင်ထွက်လာတာ။ ဒါကို တိုင်းပြည်ပြင်ပကနေ အာချောင်နေတယ်တို့ ဖင်ယားနေတယ်တို့ ပြောပြီး တော်လှန်ရေးထဲက လှီးမထုတ်နဲ့။ မင်းတို့ကြောင့် ပိတ်ကုန်တဲ့ ပါးစပ်တွေ အများကြီးပဲ။ ငါက မင်းတို့အတွက် ရန်သူလား မိတ်ဆွေလား ပွင့်ပွင့်လင်းလင်းပြော။ ငါ့ကို မင်းတို့ မတရားလာလုပ်ရင် မင်းတို့ကိုလည်း စစ်တပ်နည်းတူ ငါတော်လှန်ရမှာပဲ။”ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
Floke Rose ကတော့ သူ့ရဲ့ရပ်တည်မှုကို အာဏာရှင်ဆန်ဆန် ဖိအားတွေပေးတဲ့လူတွေကြောင့် မတရားလာလုပ်ရင် စစ်တပ်နည်းတူတော်လှန်ရမှာပဲဆိုပြီး ပြတ်ပြတ်သားသားပြောလာခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Floke Rose ‘s fb