အသေးစိတ်လေးတွေကအစ ချစ်စရာကောင်းလွန်းတဲ့ သားချောလေးရဲ့ပုံရိပ်ကို ထုတ်ပြလာခဲ့တဲ့ နွယ်နွယ်ထွန်း

မော်ဒယ်နွယ်နွယ်ထွန်းကတော့ သူမရဲ့ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးနဲ့ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပရိသတ်တွေကြားမှာ ထင်ရှားသူတစ်ယောက်ဖြစ်ပါတယ်။ မော်ဒယ်လ်တစ်ယောက်ပီပီ အမိုက်စားဓာတ်ပုံတွေနဲ့ ပရိသတ်တွေကို အမြဲတမ်း ဆွဲဆောင်ထားနိုင်တဲ့ နွယ်နွယ်ထွန်းဟာ အလုပ်တွေမလုပ်ဖြစ်တော့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့လတွေကမှ သူမအိမ်ထောင်ကျပြီး ရင်သွေးလေးလွယ်ထားရပြီလို့ အသိပေးခဲ့တာဖြစ်ပါတယ်။

အချစ်ရေး အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သိုသိပ်စွာနေတတ်တဲ့ နွယ်နွယ်ထွန်းဟာ ဒီတစ်ခါမှာတော့ သူမရဲ့သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြသလာပါတယ်။ နွယ်နွယ်ထွန်းရဲ့ သားလေးဟာ ချစ်စရာကောင်းပြီး ခြေချောင်း၊ လက်ချောင်း အသေးစိတ်လေးကအစ အသည်းယားစရာကောင်းလောက်အောင် ဖြူဖွေးတုတ်ခိုင်နေတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

နွယ်နွယ်ထွန်းကတော့ ကလေးရဲ့ဖခင်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာတင်ပေးထားခြင်းမရှိတာကြောင့် သားလေးဟာ အဖေတူသလား အမေတူသလား မှတ်ချက်ချဖို့တော့ ခက်ခဲပါတယ်။ ပရိသတ်ကြီးကတော့ ချစ်စရာကောင်းတဲ့ နွယ်နွယ်ထွန်းရဲ့သားလေးကိုကြည့်ပြီး အသည်းယားနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nwe Nwe Tun ‘s fb

error: Alert: Content is protected !!