အသီးကြောက်တတ်တဲ့ အားနည်းချက်ကို လူရှေ့သူရှေ့ အရှက်ခွဲပြီး အနိုင်ကျင့်စော်ကားကြကြောင်း ရင်ဖွင့်လာတဲ့ ဆောင်းယွန်းစံ

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ဆောင်းယွန်းစံဟာ ထူးခြားတဲ့ ပင်ကိုယ်ဗီဇရှိသူဖြစ်ပြီး သူမရဲ့အဖြစ်ကတော့ အသီးတွေကိုမြင်ရင် ကြောက်လန့်တတ်တာပဲ ဖြစ်ပါတယ်။ အဆိုပါ အသီးကြောက်တတ်တဲ့ အားနည်းချက်ကို အနိုင်ကျင့်စော်ကားတတ်သူတွေဟာလည်း ဒီနေ့ဒီအချိန်ထိ ပတ်ဝန်းကျင်မှာရှိနေသေးကြောင်း အခုလိုပဲ ပြောလာပါတယ်။    

ဆောင်းယွန်းစံက “ဒီနေ့ ဆိုင်မှာမုန့်မှာတော့ ပုံထဲမှာ သံပုရာသီးပုံပါတော့ အသီးမထည့်နဲ့နော် မ က အသီးမစားလို့ဆိုတော့ ဘေးကသူငယ်ချင်းက သံပုရာသီးတော့မစားဘူး ဂွေးသီးတော့ စားတယ်မလားတဲ့ (လူတွေအများကြီးရှေ့မှာ အပြောခံရတာနော်) အင်တာဗျုးတွေမှာ အသီးကြောက်ကြောင်းဖြေမိတော့ အသီးတော့မစားဘူး ဂွေးသီးတော့ ကြိုက်တယ်မလားဆိုတဲ့ cmt တွေ..ကောင်မလေးတယောက် ဆောင်းရဲ့ အသီးကြောက်တဲ့အင်တာဗျုးကို ကြည့်ပြီးတော့ ဒီကောင်မ အသီးတော့ကြောက်တာ ဂွေးသီးတော့ ကြောက်မှာမဟုတ်ပါဘူးဆိုပီး ကွယ်ရာမှာ ဟားတဲ့စကားတွေ( အဲ့ကောင်မလေးက ဆောင်းသူငယ်ချင်းရဲ့ သူငယ်ချင်းဆိုတော့ သူပြန်ပြောတာ) Model စလုပ်ခါစက ပွဲတခုမှာ စင်ပေါ်တက်ခါနီး နာမည်ငါးလုံးနဲ့ model တယောက်က ဆောင်းအသီးကြောက်တယ်ဆိုတာသိတော့ ဆောင်းမျက်နှာနားမှာ လိမ္မော်သီးအခွံကို လာညှစ်တာ စင်ပေါ်တောင် မတက်နိုင်ပဲ ငိုလိုက်ရတာ။ သူပြောတာတော့ အဲ့လောက်ကြောက်မှန်းမသိလို့စတာပါတဲ့. သူကတော့ မေ့သွားမှာပါ။ စနောက်ခဲ့တဲ့သူကိုး..ဆောင်းအတွက်ကတော့ သေရာပါ မှတ်ထားတယ်။ လူတွေက ကိုယ်ချင်းမစာတတ်တာလား? သူများရဲ့ အားနဲချက်ကို လှောင်ချင်တာလား? အဲ့လိုရိုင်းရိုင်းစိုင်းစိုင်းပြောရတာကို ပျော်တာလား? ကိုယ်ပြောလိုက်ရင်တဖက်လူ ဘယ်လိုခံစားရမလဲ နားမလည်တာလား? ဘယ်သူကတော့ဘလိုင်းကြီးကြောက်ချင်ပါ့မလဲ သူဘာသူ ငယ်ငယ်လေးထဲက ဘယ်လို ဗိဇကြောင့် ဖြစ်သွားတယ်ဆိုတာ ဆောင်းယွန်းလဲ မသိဘူး။ ဒါမဲ့ ကိုယ့်ရဲ့ အားနည်းချက်တခုကို လူတွေရှေ့မှာ အရှက်တကွဲ ဖြစ်အောင် ပြောတာကျတော့ သိပ်ရိုင်းစိုင်းတယ်မထင်ဘူးလား။”

“အစက ဒီအသီးကြောက်တာကြောင့် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဆွေးနွေးဖို့အထိတောင်စီစဉ်ထားတာ(လူတွေက လှောင်ရယ်ခံရလွန်းလို့ ဆရာဝန်နဲ့ ပြရင် ပျောက်နိုင်မလား တွေးပြီးလေ) ခုတော့ ဆေးခန်းလဲ မပြတော့ဘူး။ အသီးကြောက်လို့ ရူးနေတယ်ထင်တဲ့သူတွေကိုလဲ ပြောလိုက်မယ်။ ဟုတ်တယ် ဆောင်း က အရူးမပဲ။ မကျေနပ်ရင် မပေါင်းနဲ့လေနော်။ ဆောင်း ဘဝ နဲ့ ဆောင်းပဲ။ ကိုယ့်ကိုကိုယ်ပိုင်တယ်။ သူများရဲ့ လှောင်တာတွေ အသီးကြောက်လို့အနှိမ်ခံရတာ စနောက်တဲ့ သူတွေကိုလဲ ထပ်ပြောမယ် နောက်တခါ ဆောင်းရှေ့မှာ ဂွေးသီးစားတယ်မလားလို့လာနောက်ရင်ဖြစ်ဖြစ် အသီးနဲ့လိုက်တို့ လိုက်စရင်ဖြစ်ဖြစ် ဘယ်သူဖြစ်ပါစေ ဘယ်လောက်ခင်တဲ့သူဖြစ်ပါစေ ဘယ်လောက်ချစ်တဲ့သူဖြစ်ဖြစ် အနားမှာရှိတာနဲ့ ကောက်ပေါက်မယ် ဆိုတာပဲ။ အရင်လို သည်းခံပြီး ကွယ်ရာမှာ ငိုနေတော့မှာမဟုတ်ဘူး။ (စနောက်နေတာက တယောက်တည်း မဟုတ်လို့ အားလုံးကို သိစေချင်လို့ ဒီက ပြောတာပါ)ဒါနောက်ဆုံးအကြိမ် အသီးနဲ့ပတ်သတ်ပြီးပြောတာပါပဲ..media တွေမှာလဲ အသီးနဲ့ပတ်သတ်ပြီး ဘယ်တော့မှ ဖြေမှာ မဟုတ်တော့ပါဘူး။ အရမ်းစိတ်ဆိုးလို့ ရေးတာပါ။ (ဆောင်းအသီးကြာက်တာကို နားလည်ပြီး သည်းခံ ချစ်ပေးတဲ့ သူတွေလဲ ရှိပါတယ်။ အဲ့သူတွေကိုလဲ တကယ် ကျေးဇူးတင်ပါတယ် 🙏🙏)” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ဆောင်းယွန်းစံကတော့ သူမရဲ့ အသီးကြောက်တတ်တဲ့ စိတ်နဲ့ပတ်သက်ပြီး လူရှေ့သူရှေ့ အရှက်တကွဲဖြစ်အောင် စော်ကားသူတွေကို နောက်ထပ် သည်းခံနေတော့မှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Saung Yoon San ‘s fb

error: Alert: Content is protected !!