အသည်းကင်ဆာရောဂါနဲ့ တောင်ကိုရီးယားနိုင်ငံမှာကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဆိုတော် မာသထူးဝါးရဲ့ မိခင်
ချစ်စရာကောင်းတဲ့အပြင် သာယာတဲ့အသံလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး မာသထူးဝါးကတော့ “အိမ်လေးတစ်လုံးလိုချင်တယ်” ဆိုတဲ့ သီချင်းနဲ့ လူသိများလာခဲ့သူဖြစ်ပါတယ်။ မာသထူးဝါးဟာ လက်ရှိမှာတော့ သီချင်းတွေမဆိုနိုင်သေးပဲ ကင်ဆာရောဂါနောက်ဆုံးအဆင့်ဖြစ်နေတဲ့ သူမရဲ့မိခင်ကို အနီးကပ်ပြုစုစောင့်ရှောက်ပေးရင်း မောင်လေးနှစ်ယောက်ကိုလည်း စောင့်ရှောက်နေရရှာတာပဲဖြစ်ပါတယ်။
ဒီကနေ့ မေလ (၂၉) ရက်နေ့မှာတော့ နော်မာသထူးဝါး၏ မိခင် မမိုင် (Sasikan) သည် အသည်းကင်ဆာရောဂါဖြင့် 2022 May 29th နေ့ တွင် တောင်ကိုးရီးယားနိုင်ငံ Catholic University S.Mary Hospital (Bucheon) မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ မာသာထူးဝါးရဲ့ မိခင်ဟာ အသည်းကင်ဆာရောဂါကို ခံစားနေရတာဖြစ်ပြီး ကွယ်လွန်သွားချိန်မှာ သားသမီးသုံးယောက်ကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်။
မာသထူးဝါးတို့မောင်နှမတွေဟာ ငယ်စဉ်ကတည်းက ဖခင်ကိုဆုံးရှုံးခဲ့ရတာဖြစ်ပြီး အခုတစ်ခါမှာလည်း မိခင်ကို ထပ်မံဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။ မာသထူးဝါးတို့မေမေလည်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Sangpi’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
အသည္းကင္ဆာေရာဂါနဲ႔ ေတာင္ကိုရီးယားႏိုင္ငံမွာကြယ္လြန္သြားခဲ့ၿပီျဖစ္တဲ့ အဆိုေတာ္ မာသထူးဝါးရဲ႕ မိခင္
ခ်စ္စရာေကာင္းတဲ့အျပင္ သာယာတဲ့အသံေလးကို ပိုင္ဆိုင္ထားတဲ့ အဆိုေတာ္မေလး မာသထူးဝါးကေတာ့ “အိမ္ေလးတစ္လုံးလိုခ်င္တယ္” ဆိုတဲ့ သီခ်င္းနဲ႔ လူသိမ်ားလာခဲ့သူျဖစ္ပါတယ္။ မာသထူးဝါးဟာ လက္ရွိမွာေတာ့ သီခ်င္းေတြမဆိုႏိုင္ေသးပဲ ကင္ဆာေရာဂါေနာက္ဆုံးအဆင့္ျဖစ္ေနတဲ့ သူမရဲ႕မိခင္ကို အနီးကပ္ျပဳစုေစာင့္ေရွာက္ေပးရင္း ေမာင္ေလးႏွစ္ေယာက္ကိုလည္း ေစာင့္ေရွာက္ေနရရွာတာပဲျဖစ္ပါတယ္။
ဒီကေန႔ ေမလ (၂၉) ရက္ေန႔မွာေတာ့ ေနာ္မာသထူးဝါး၏ မိခင္ မမိုင္ (Sasikan) သည္ အသည္းကင္ဆာေရာဂါျဖင့္ 2022 May 29th ေန႔ တြင္ ေတာင္ကိုးရီးယားႏိုင္ငံ Catholic University S.Mary Hospital (Bucheon) မွာ ကြယ္လြန္သြားခဲ့ၿပီလို႔ သိရပါတယ္။ မာသာထူးဝါးရဲ႕ မိခင္ဟာ အသည္းကင္ဆာေရာဂါကို ခံစားေနရတာျဖစ္ၿပီး ကြယ္လြန္သြားခ်ိန္မွာ သားသမီးသုံးေယာက္က်န္ရစ္ခဲ့တာပဲျဖစ္ပါတယ္။
မာသထူးဝါးတို႔ေမာင္ႏွမေတြဟာ ငယ္စဥ္ကတည္းက ဖခင္ကိုဆုံးရႈံးခဲ့ရတာျဖစ္ၿပီး အခုတစ္ခါမွာလည္း မိခင္ကို ထပ္မံဆုံးရႈံးလိုက္ရတာပဲျဖစ္ပါတယ္။ မာသထူးဝါးတို႔ေမေမလည္း ေကာင္းရာသုဂတိလားပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Sangpi’s fb