အသက် (၄၆) နှစ်ပြည့်မွေးနေ့မှာ ကုသိုလ်တွေပြုရင်း ရိုးရိုးရှင်းရှင်းဖြတ်သန်းခဲ့တဲ့ ခင်ဇာခြည်ကျော်

နိုင်ငံကျော် မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က “ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးကို ရရှိထားသူတစ်ယောက်ပါ။ ခင်ဇာခြည်ကျော်က အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ချစ်စရာကောင်းတဲ့ သားနဲ့ သမီးကို စောင့်ရှောက်နေတဲ့ Single Mother တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ခင်ဇာခြည်ကျော်ကိုသာမက သူမရဲ့သားဘုန်းမင်းနေလနဲ့ သမီးငယ် ထင်သစ္စာတို့ကိုလည်း ချစ်ခင်အားပေးကြလျက်ရှိပါတယ်။

ဒီကနေ့ ဇွန်လ (၁၅) ရက်နေ့ကတော့ ပရိသတ်ကြီးချစ်ကြတဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ အသက် (၄၆) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်က အသက်တစ်နှစ်ကြီးလာတဲ့ မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေသာပြုလုပ်ရင်းဖြတ်သန်းခဲ့ကြောင်းကို “ယနေ့ မဇာလေး ရဲ့ အသက် (၄၆) နှစ်ပြည့် မွေးနေ့ အလှု့ လေး ပါရှင် …သာဓု ခေါ် ဆိုနိုင်ကြပါစေ🙏🏻❤️” ဆိုပြီး နေအိမ်ကဘုရားကို ဆွမ်းကပ်ခဲ့သလို ဘုန်းကြီးကျောင်းက သံဃာတော်တွေကိုလည်း သင်္ကန်းပရိက္ခရာနဲ့ ဝတ္ထုငွေတွေဆက်ကပ်လှူဒါန်းခဲ့ပုံကို မျှဝေလာပါတယ်။

ခင်ဇာခြည်ကျော်ကတော့ အသက် (၄၆) နှစ်အရွယ်လို့ မထင်ရလောက်အောင် အရမ်းကိုနုပျိုပြီး လှပနေဆဲဆိုတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် ခင်ဇာခြည်ကျော်အတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khin Zar Chi Kyaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

error: Alert: Content is protected !!